ဆော်ဒီရှိ ရေနံကုမ္ပဏီ ၂ ခု တိုက်ခိုက်ခံခဲ့ရသဖြင့် ကမ္ဘာ့ဆီဈေးတက်လာနိုင်သလား

ပြီးခဲ့တဲ့အပတ်က ဆော်ဒီရှိ ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Aramco နှင့် Abqaiq တို့ဟာ Drone ဖြစ်တိုက်ခိုက်ခြင်းခံလိုက်ရပါတယ်။ မည်သူ တိုက်ခိုက်သွားသလဲဆိုတာကိုတော့ အခုအချိန်အထိ အတိအကျသိ ခြင်း မရှိသေးပါဘူး။

ကမ္ဘာ့ရေနံရဲ့ ၁၀% ဟာ Aramco မှ ထုတ်ပေးနေတာဖြစ်ပြီး ၇% ကိုတော့ Abqaiq က ထုတ်ပေးနေတာ ဖြစ်ပါ တယ်။ဒီလိုကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်မှုကုမ္ပဏီကြီး(၂)ခု တစ်ပြိုင်တည်းမှ တိုက်ခိုက်ခြင်းခံလိုက်ရတဲ့ အတွက် ကမ္ဘာ့ရေနံဈေးနှင့် ဓာတ်ဆီဈေးများ တက်လာမှာကို စီးပွားရေးသမားများအပြင် တစ်ကမ္ဘာလုံးက စောင့်ကြည့် နေကြတာဖြစ်ပါတယ်။

လေ့လာသူများ၏ပြောကြားချက်အရ ပြီးခဲ့တဲ့သောကြာနေ့က ကမ္ဘာ့ရေနံဈေးဟာ တစ်စည်ကိုဒေါ်လာ 60 ရှိခဲ့ပြီး စက် တင်ဘာလ ၁၆ရက် တနင်္လာနေ့ ဈေးပြန်ဖွင့်တဲ့အခါမှာ ဒေါ်လာ 80 အထိဖြစ်နိုင်တဲ့အပြင် ဓာတ်ဆီဈေးတွေပါ တက် လာနိုင်ကြောင်း သိရှိရပါတယ်။ Aramco ၏ ရေနံအများစုဟာ အာရှဘက်သို့ ပို့ဆောင်ပေးတာဖြစ်တဲ့အတွက် အဓိက အားဖြစ် အာရှတွင် ရေနံဈေးနှင့် ဓာတ်ဆီဈေးများပိုမို တက်ဖို့အလားအလာရှိနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

အပြည်ပြည်ဆိုင်ရာစွမ်းအင်မူဝါဒကျွမ်းကျင်သူ ပါမောက္ခ Nick Butler ၏ ရှင်းပြချက်အရ ရေနံဈေးနဲ့ ဓာတ်ဆီဈေး အတက်အကျဟာ စစ်မက်ဖြစ်ပွားမှုအပေါ်မှာမူတည်နေပါတယ်။ ဆော်ဒီနှင့် အီရန်တို့ရဲ့ စစ်ပွဲဟာ အရင်လိုပဲ ပြန်တည် ငြိမ်သွားမယ်ဆိုရင်တော့ ဈေးတက်မှုဟာ ခေတ္တခဏမျှသာဖြစ်သော်လည်း သူတို့ရဲ့ စစ်ရေးတင်းမာမှုဟာ ဒီတိုင်း ဆက်ဖြစ်နေအုံးမယ်ဆိုရင်တော့ ရေနံဈေးနဲ့ ဓာတ်ဆီဈေးတက်မှုဟာ အချိန်ကြာမြင့်သွားနိုင်တယ်လို့ သိရပါတယ်။ လေ့ လာသူများအနေနဲ့ကတော့ ရေနံဈေးတက်မှာထက် ဓာတ်ဆီဆိုင်မှ ဓာတ်ဆီဈေးတက်မှာကို ပိုမိုစိုးရိမ်နေကြတာ ဖြစ် ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *