ဆော်ဒီ ရေနံတင် သင်္ဘော ၂ စီး အာရပ်စော်ဘွားများပြည်ထောင်စု ကမ်းခြေမှာ တိုက်ခိုက်ခံခဲ့ရ

ဆော်ဒီနှင့် အာရပ်စောဘွားများပြည်ထောင်စုတို့၏ မေလ၁၃ရက် တနင်္လာနေ့တွင်ထုတ်ပြန်ချက်အရ ဆော်ဒီ ရေနံ တင်သင်္ဘော(၂)စီးဟာ တနင်္ဂနွေနေ့က တိုက်ခိုက်မှုခံခဲ့ရကြောင်း သိရှိရပါတယ်။ ၎င်းရေနံတင်သင်္ဘောများဟာ အမေရိကန် ကိုပို့မယ့် ရေနံတွေသယ်ဆောင်လာခဲ့တဲ့ သင်္ဘောတွေဖြစ်ကြပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟာ ကမ္ဘာ့ရေနံတင်သင်္ဘောတွေ အများဆုံးဖြတ်သန်းသွားလာနေတဲ့ Persian ပင်လယ်အော်၊ Oman ပင်လယ် အော် နှင့် Arabian ပင်လယ်တို့ထိဆက်နေတဲ့ Hormuz ရေလက်ကြားရှိ Fujairah ကမ်းရိုးတန်း တစ်နေရာမှာဖြစ် ပါ တယ်။

၎င်းတိုက်ခိုက်မှုရဲ့ တရားခံဟာဘယ်သူဆိုတာ အတိအကျမသိရသေးပါဘူး။ သို့သော် ၎င်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမှ မရှိခဲ့သလို ရေနံများ ပင်လယ်ထဲသို့ ယိုဖိတ်ခဲ့ဖြင်းလဲမရှိခဲ့ပါဘူး။ ဒါပေမဲ့ သင်္ဘော ကတော့ တော်တော်လေး ထိခိုက်သွားခဲ့တယ်လို့ သိရပါတယ်။အမေရိကန် စစ်တပ်ကတော့ တရားခံဟာ အီရန်နဲ့ သူတို့ရဲ့ အဖွဲ့တွေ ဖြစ်နိုင်ကြောင်းပြောခဲ့ပါတယ်။ အီရန်ဟာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် အကြပ်အတည်းဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို နယူးကလီးယားအရေးနဲ့ ပတ်သက်ပြီး အီရန်နဲ့ အမေရိကန်ဟာ စစ်ရေးအရတင်းမာမှုတွေ ပြင်း ထန်နေတာဖြစ်ပါတယ်။

အမေရိကန်ဟာ အီရန်ရဲ့ နယ်စပ်ဖြစ်တဲ့ Persian ပင်လယ်အော်ထဲတွင် ပြီးခဲ့တဲ့အပတ်က လေယာဉ်တင်သင်္ဘောများနဲ့ ဗုံးခွဲသင်္ဘောများအပြင် တိုက်ခိုက်ရေးသင်္ဘောများကို စေလွှတ်ထားပြီး အီရန်ကို တိုက်ခိုက်ဖို့ အသင့်အနေအထားနဲ့ စောင့်ကြည့်နေတာဖြစ်ပါတယ်။ ထိုကြောင့် ယခုလိုအမေရိကန် ကိုပို့မယ့် ရေနံသင်္ဘောကိုတိုက်ခိုက်ပြီး အမေရိကန်ကို ပညာပြတာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဆော်ဒီအာရေဗျနဲ့ အာရပ်စောဘွားများပြည်ထောင်စုကတော့ ၎င်းတို့ရဲ့ ထိခိုက်နစ်နာမှုအတွက် အမေရိကန်ကို အပြစ် တင်ပြောဆိုနေပါတယ်။အမေရိကန်ကယခုလက်ရှိမှာ အခင်းဖြစ်ပွားခဲ့တဲ့ Hormuz ရေလက်ကြားမှာ ကုန်သည် များ၏ လုံခြုံရေးအတွက် အင်အားတိုးမြင့်ထားပြီး တိုက်ခိုက်မှုရဲ့ တရားခံအစစ်ကိုသိရှိဖို့ရန်အတွက် စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

Source : The New York Time News

Leave a comment

Your email address will not be published. Required fields are marked *