ဆေးလိပ်သောက်ခြင်းကြောင့် အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ကိုလျော့ကျနိုင်

ဆေးသောက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ အားလုံးသိနေတဲ့ကိစ္စ တစ်ခုပဲဖြစ်ပါတယ်။ ဒါ့ အပြင်ဘာတွေဖြစ်နိုင်သေးလဲ။ နောက်ထက်လေ့လာတွေ့ရှိချက်အသစ်ကတော့ဆေးလိပ်သောက်ခြင်းဟာအမျိုးသား တွေ ရဲ့ စွမ်းဆောင်နိုင်ရည်ကိုလျော့ကျစေနိုင်တဲ့အပြင် လိင်အင်္ဂါကိုလည်း တိုသွားစေနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ ယခု တွေ့ ရှိချက်ဟာ အမျိုးသားထုကြီးတစ်ခုလုံးအတွက် စိုးရိမ်စရာကိစ္စတစ်ခုပဲဖြစ်ပါတယ်။အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆီး ရောဂါ ပါရဂူ Marc Laniado ရှင်းပြခဲ့တာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Marc Laniado က ဆေးလိပ်သောက်ခြင်းကြောင့် သွေးကြောတွေစီးဆင်းတဲ့လမ်းကြောင်းမှာ အဆီတွေပိတ်လာပြီး သွေးစီးဆင်းမှုကိုလျော့ကျစေပါတယ်၊ဒါဟာ ခန္ဓာကိုယ်ထဲကသွေးကြောတွေအပြင် အမျိုးသားလိင်အင်္ဂါမှာရှိတဲ့ သွေးကြောတွေကိုပါ သွေးစီးဆင်းမှုလျော့ကျစေတဲ့အတွက် လိင်အင်္ဂါဟာ ထင်သလောက်မဖြစ်ထွန်းတော့တဲ့ ကိစ္စ တွေဖြစ်ပေါ်လာကြောင်း ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ဆေးလိပ်ထဲမှာပါဝင်တဲ့ ဓာတုဆေးများနဲ့ နီကိုတင်းတို့ဟာ လိင် အင်္ဂါသေးခြင်းကိုဖြစ်ပွားစေပါတယ်။ လိင်အင်္ဂါသေးခြင်းဟာ ခဏတာပဲဖြစ်နိုင်သလို အစဉ်အမြဲသောက်သုံး နေသူတွေ တော့ ထာဝရသေးသွားတဲ့အထိ ဖြစ်စေနိုင်ကြောင်း သိရှိရပါတယ်။

Marc Laniado ပြောပြမှုအရ သူ့ကိုလာပြတဲ့ လူနာတွေထဲမှာ ဆေးလိပ်သောက်တဲ့လူနာတွေပါဝင်ပြီး သူတို့ရဲ့ ရော ဂါကတော့ မနက်အိပ်ရာထချိန်မှာ သူတို့ရဲ့ လိင်တန်ဟာမတောင့်တင်းနိုင်ခြင်းနှင့် လိင်ဆက်ဆံတဲ့အခါလည်း ထင် သ လောက် မစွမ်းနိုင်တော့တဲ့ ပြဿနာတွေကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ဒါ့အပြင် တချို့လူနာတွေက သူတို့ရဲ့ လိင် အင်္ဂါဟာ သေးသွားတယ်လို့လည်း ပြောကြောင်းသိရပါတယ်။

Marc Laniado က အဲဒီလူနာတွေကို ဆေးလိပ်မသောက်စေပဲ နေခိုင်းလိုက်တဲ့အချိန်မှာ သူတို့တွေရဲ့ သွေးစီးဆင်း မှုဟာ ပြန်လည်ကောင်းမွန်လာပြီး သူတို့ရဲ့ ပြဿနာတွေအားလုံး အဆင်ပြန်ပြေသွားတယ်လို့ သိရှိရပါတယ်။ သွေးစီး ဆင်းမှု လျော့ကျတဲ့ရောဂါကြောင့် အမျိုးသားတွေမှာပဲ ပြဿနာရှိစေတာမဟုတ်ပဲ မိမိနှင့်အတူ လိင်ဆက် ဆံတဲ့ အမျိုးသမီးအတွက်လည်း စိတ်ကျေနပ်မှုမရရှိနိုင်တဲ့အတွက် အဆင်ပြေစေမှာမဟုတ်ပါဘူး။ စာဖတ်ပရိတ် သတ်ကြီး လည်း ဆေးလိပ်သောက်နေတယ်ဆိုရင်တော့ အခုလိုပြဿတွေနဲ့ ရင်ဆိုင်လာရနိုင်ချေရှိတယ်ရှိတဲ့အတွက် ကြိုတင်ပြီး သတိထားစေလိုပါတယ်။

Source : Elite Readers News

Leave a comment

Your email address will not be published. Required fields are marked *