ဆံပင်ကျွတ်တာကို ဘယ်လိုကာကွယ်မလဲ???

လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးဟာ အလွန်ကိုအရေးကြီးပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ရမဲ့ အပိုင်းတွေထဲကမှ ဆံပင်ကျွတ်ခြင်းကြောင့်ဖြစ်တဲ့ ပြဿနာကိုကာကွယ်ဖို့ရာ နည်းလမ်းကောင်းများကို သိရှိစေရန် ဆက်လက်လေ့လာကြည့်ရအောင်။

ဆီနွေးနွေးဖြင့် နှိပ်နယ်ပေးခြင်း

အုန်းဆီနဲ့ဖြစ်ဖြစ်၊ သံလွင်ဆီနဲ့ဖြစ်ဖြစ် အပူပေးပါ။ ပြီးရင် ဦးရေပြားပေါ်သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ဆံသားမွှေးညင်းပေါက်လေးတွေဆီက သွေးလည်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ဆံပင်အမြစ်တွေကို သန်မာလာစေပါတယ်။

ကြက်သွန်နီ

Fresh red onions on a wooden background

ကြက်သွန်နီစားသုံးခြင်းက ဆံသားမွှေးညင်းပေါက်လေးတွေရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဦးရေပြားမှ ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တဲ့အပြင် ဆံပင်ကျွတ်ခြင်းကိုပါ သက်သာစေပါတယ်။

မုန်လာဥနီ

fresh carrots isolated on white background

မုန်လာဥနီကို ပုံမှန်စားသုံးပေးရင် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။

Green tea


Green tea က ဆံသားမွှေးညင်းပေါက်လေးနဲ့ ဆံပင်ထုတ်လုပ်မှုကို အားကောင်းစေတာကြောင့် ဆံကေသာကောင်းမွန်ဖို့အတွက် သောက်သုံးသင့်ပါတယ်။

တရားထိုင်ခြင်း


စိတ်ဖိစီးမှုတွေကလည်း ဆံပင်ကျွတ်စေတဲ့ အဓိကအကြောင်းအရင်းတွေဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေ လျော့ကျစေဖို့ နေ့စဉ်တရားထိုင်ပေးပါ။

သဘာဝဆံသားစောင့်ရှောက်မှုများ
ဆံပင်အတွက်ကောင်းတဲ့ သဘာဝပစ္စည်းတွေကို အသုံးပြုပြီး ပေါင်းတင်ပေးပါ။ အုန်းဆီ၊ သံလွင်ဆီ၊ ပျားရည်၊ ကြက်ဥစတဲ့ သဘာဝပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်မှာပါဝင်တဲ့ အင်ဇိုင်းက ဆံသားတွေကို သန်မာစေပြီး ဦးရေပြားကို အေးမြစေပါတယ်။

Leave a comment

Your email address will not be published.