ဆံပင်ကျွတ်ခြင်းကို ကာကွယ်ဖို့ စားသင့်သောအစားအစာများ

အမျိုးသားကော အမျိုးသမီးပါ ဆံပင်ကျွတ်ခြင်းနှင့်မကင်းပါ။ စိတ်ဖိစီးမှု၊ ဓါတုဆေးဝါးများနှင့် ထိတွေ့မှု၊ ရောဂါကြောင့် ဆံပင်ကျွတ်ခြင်းများဖြစ်နိုင်ပါတယ်။ ဆံပင်အလွန်အကျွံကျွတ်ပါက ဆရာဝန်ထံသွားပြသင့်သလို သင့်အနေဖြင့်လည်း အစားအစာဖြင့် ထိန်းနိုင်ပါတယ်။

Antioxidant ပါဝင်သော အစားအစာများ

အသီးများနှင့် ဟင်းသီးဟင်းရွက်များသည် သဘာဝ antioxidant များပါဝင်သော အစားအစာများဖြစ်သည်။ သင့်ဆံပင်သန်စွမ်းမှုအတွက် အထူးကောင်းမွန်ပါလိမ့်မည်။

ဗီတာမင်ဓါတ်ပြည့်ဝသောစားအစာများ

ဗီတာမင်အေ ဓါတ် လိုအပ်မှုကြောင့် ဆံပင်ကျွတ်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။ ၎င်းသည် sebaceous glands များကို ခြောက်သွေ့သွားမှုမရှိစေရန် ကာကွယ်ပေးသည်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

အစိမ်းရောင် ဟင်းသီးဟင်းရွက်များတွင် သံဓါတ်ပါဝင်မှုကြောင့် ဆံပင်အတွင်းမှာ လိုအပ်သော ဓါတ်ကိုဖြည့်ပေးပါသည်။ သင့်အသားအရေကိုပါ အာဟာရဖြည့်နိုင်စွမ်းရှိသည်။

ဇင့်ဓါတ်

ဇင့်ဓါတ်သည် သင့်ကိုယ်တွင်း ဇီဝပြောင်းလဲမှုများအတွက် အထူးလိုအပ်သော ဓါတ်ဖြစ်သည်။ အားအင်နှင့် ပရိုတင်းဓါတ်ပါဖြည့်ပေးနိုင်သည်။ အသားများတွင် ပါဝင်ပြီး ချောကလက်၊ မှိုဖြူများတွင်လည်းပါဝင်ပါသည်။

ဖောလစ်အက်စစ်ပါဝင်သောအစားအစာများ

သင့်ဆံပင်၊ လက်သည်းနှင့် အသားအရေအတွက် အထူးလိုအပ်ပါသည်။ ကွေကာအုပ်၊ ပဲ၊ အသည်း၊ ငှက်ပျောသီး စသည်တို့တွင် ပါဝင်ပါသည်။

အချုပ်အားဖြင့် ဆိုရသော ဆံပင်ကျွတ်ခြင်းကို ဈေးကြီးသော လေဆာနည်းပညာ၊ PRP ကုထုံးတို့ဖြင့် ကုသနိုင်ပါသည်။ သို့သော် အစားအစာမှာလည်း သင့်အတွက်အရေးကြီးပါသည်။ ကိုယ်တွင်းလုပ်ဆောင်ချက်များ မှန်ကန်စွာ လုပ်ဆောင်နိုင်ရန်အတွက် ဖော်ပြခဲ့သော အစားအစာများကို မျှတအောင် စားသုံးကြည့်ပါ။ ဆံပင်အတွက်သာမက ကျန်းမာရေးအတွက်ပါ အထောက်အကူ ပြုပါလိမ့်မည်။

Leave a comment

Your email address will not be published. Required fields are marked *