ဇင်ဘာဘွေနိုင်ငံ ရွေးကောက်ပွဲတွင် မဲပေးစနစ်ကို လက်ဗွေရာစနစ်ဖြင့် မဲပေးရမည်

မကြာမီှီ ကျင်းပမယ့် ဇင်ဘာဘွေနိုင်ငံရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် လက်ဗွေရာစနစ်ဖြင့် မဲပေးရမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အဆိုပါ လက်ဗွေရာစနစ်ဖြင့် မဲပေးနိုင်ဖို့အတွက် အမေရိကန်နည်းပညာကုမ္ဗဏီတစ်ခုဖြစ်တဲ့ Ipsidy နဲ့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

လက်ဗွေရာ တင်လိုက်ရုံနဲ့ မဲပေးနိုင်မယ့် စနစ် Automated Fingerprint Identification System (AFIS) ဖြင့် မဲပေးရမှာ ဖြစ်ပြီး ဇင်ဘာဘွေ ရွေးကောက်ရေးကော်မရှင် အဖွဲအစည်းက Ipsidy ကုမ္ဗဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ မဲပေးတဲ့အခါ ပိုမိုတိကျတဲ့ ရလဒ်တွေ ထွက်စေဖို့၊ မသမာမှူတွေ မဖြစ်စေဖို့အတွက် လက်ဗွေရာစနစ်ဖြင့် မဲပေးနိုင်ရေး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *