ဈေးပေါသလောက် အကျိုးများတဲ့ မြေပဲ

မြေပဲက မြန်မာနိုင်ငံသားတွေအတွက် ပေါပေါများများတွေ့နိုင်တဲ့ အခွံမာအစေ့ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ နေ့စဉ်အစား အသောက်တွေမှာ အနံ့အရသာကောင်းလှတဲ့ မြေပဲဆီက မပါမပြီးတဲ့ စားသုံးဆီပဲ မဟုတ်ပါလား။ မြန်မာတွေဟာ စားသုံးဆီအပြင် မြေပဲကို အချိုတွေနဲ့ရောစပ်ပြီး မုန်းပဲသရေစာ အဖြစ်လုပ်စားကြပါသေးတယ်။တကယ်တော့မြေပဲဟာ ဓါတ်မတည့်သူတစ်ချို့ကလွဲရင် ကျန်စားသုံးသူတွေအတွက် ကျန်းမာရေးအကျိုးကျေးဇူး ၁၅ မျိုးကိုရနိုင်ပါတယ်။
(၁) စွမ်းအင်တွေရပါတယ်။
မြေပဲမှာ စွမ်းအင်အပြင် ဗီတာမင်နဲ့ ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ဇင့် ၊သံဓါတ်စတဲ့သတ္တု ဓါတ်တွေနဲ့ ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေများစွာပါဝင်ပါတယ်။ ဒါကြောင့်အားကစားသမားတွေအတွက် အထူး သင့်တော်ပါတယ်။
(၂) မကောင်းတဲ့ကိုလက်စထရော (LDL)ကို ကျစေပါတယ်။
မြေပဲကို နေ့စဉ်စားသုံးမယ်ဆိုရင် ကျန်းမာတဲ့ ကိုလက်စထရောကို ထိန်းပေးနိုင်ပါတယ်။ မြေပဲမှာပါတဲ့ MUFA ခေါ် မပြည့်ဝအဆီအက်စစ်တစ်မျိုးက မကောင်းတဲ့ ကိုလက်စထရောကို ကျစေပြီး ကောင်းတဲ့ကိုလက်စထရော (HDL)ကို တိုးစေပါတယ်။
(၃) အစာအိမ်ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။
မြေပဲမှာ p-coumaric ခေါ်ပိုလီဖီနော ဓါတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တဲ့အတွက် အစာအိမ်ကင်ဆာဖြစ်စေတဲ့ carcinogenic nitrosamines အဆိပ်တွေမဖြစ်ပေါ်အောင်တားဆီးပေးနိုင်ပါတယ်။
(၄) နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
မြေပဲမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးကြောတွေပုံမှန်အလုပ်လုပ်အောင် ကူညီပေးနိုင်တဲ့အတွက် သွေး ကြောပိတ်ဆို့တာတွေကိုလျော့နည်းစေပြီးလေဖြတ်ခြင်းအန္တရာယ်ကိုကာကွယ်ပေးနိုင်ပါတယ်။
(၅) ဦးနှောက်အာရုံကြောတွေကို ကောင်းစေတယ်။
မြေပဲမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း Resveratrol က နာဗ်ကြောစနစ်ကို အားကောင်းစေ ပါတယ်။ဒါကြောင့် အသက်ကြီးပိုင်းမှာဖြစ်တတ်တဲ့အယ်လဇိုင်းမားရောဂါမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
(၆) အရေပြားကို ချောမွေ့လှပစေပါတယ်။
မြေပဲမှာ အစွမ်းထက်ဓါတ်တိုးဆန့်ကျင်ပစ္စည်းအပြင် ဗီတာမင်Eလည်း ကြွယ်ဝတဲ့အတွက် အသားအရေကို ချောမွေ့ လှပစေပါတယ်။
(၇) အူမကြီးကင်ဆာဖြစ်တာကို ကျဆင်းစေပါတယ်။
မြေပဲကိုပုံမှန်စားသုံးမယ်ဆိုရင် အူမကြီးကင်ဆာဖြစ်တဲ့နှုန်းဟာ အမျိုးသားတွေမှာ ၂၇% လျော့ကျစေပြီး အမျိုးသမီး တွေမှာ၅၈%အထိလျော့ကျစေပါတယ်။
(၈) ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။
မြေပဲမှာ ဗီတာမင်စီအပြင် အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ အယ်လ်အာဂျီနိုင်းပါ ပါဝင်တဲ့အတွက် အမျိုးသမီးတွေ ဆံပင် ကျွတ်တာ၊အမျိုးသားတွေခေါင်းပြောင်တာကိုသက်သာစေပါတယ်။
(၉) ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တယ်။
မြေပဲကို ပြုတ်လိုက်မယ်ဆိုရင် ဓါတ်တိုးဆန့်ကျင်သတ္တိတိုးလာပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်ပါတယ်။ ရောဂါ ပိုးတွေဝင်ရောက်မှုမှကာကွယ်နိုင်ပါတယ်။
(၁၀) ကိုယ်ခန္ဓာကြီးထွားမှုကို အားပေးပါတယ်။
မြေပဲမှာပါဝင်တဲ့ မင်းဂနီး၊ကယ်လဆီယမ်၊ဇင့်နဲ့ သံဓါတ်တို့ဟာ ကိုယ်ခန္ဓာကြီးထွားမှုအတွက် မရှိမဖြစ်တဲ့ သတ္တု ဓါတ်တွေဖြစ်ကြပါတယ်။ဒါ့အပြင် အမိုင်နိုအက်စစ် ပါဝင်တဲ့အတွက် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ပြန်လည်ပြုပြင်ပေးဖို့ အတွက်အထောက်အကူပြုပါတယ်။
(၁၁) သဲခြေအိတ်ကျောက်တည်တာကို လျော့နည်းကျဆင်းစေပါတယ်။
မြေပဲကိုပုံမှန်စားမယ်ဆိုရင်သဲခြေအိတ်ကျောက်တည်တာကို၂၅%အထိလျော့ကျစေနိုင်ပါတယ်။
(၁၂) ကိုယ်အလေးချိန်ကိုတိုးစေတယ်။
မြေပဲကိုပုံမှန်စားသုံးသူဟာတစ်ခါမှမစားသူံးသူထက်ကိုယ်အလေးချိန်ကိုတက်စေပါတယ်။
(၁၃) သွေးအတွင်းသကြားဓါတ်ကို ထိန်းပေးပါတယ်။
မြေပဲကိုနေ့စဉ်စားရင် မြေပဲမှာပါတဲ့ အဆီနဲ့ပရိုတိန်းတွေက သကြားဖြစ်တဲ့ ကာဗိုဟိုက်ဒရိုက် နေရာကို အစားထိုးနိုင်တဲ့ အတွက်သွေးအတွင်းသကြားဓါတ်နဲ့သွေးရဲ့လစ်ပစ်ကိုထိမ်းညှိပေးနိုင်ပါတယ်။
(၁၄) ကိုယ်ဝန်ဆောင်မိခင်ကို အထောက်အကူပေးနိုင်ပါတယ်။
မြေပဲမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အတွက်လိုအပ်တဲ့ အာဟာရဓါတ်မျိုးစုံ ပါဝင်တဲ့ အတွက် သန္ဓေသားကျန်း မာရေးအတွက် အထောက်အကူပေးနိုင်တဲ့အပြင် မွေးရာပါရင်ကျပ်ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင် ပါတယ်။
(၁၅) စိတ်ကျရောဂါကို သက်သာစေတယ်။
မြေပဲမှာ ဦးနှောက်ကထွက်တဲ့ Serotonin ဓါတ်ကိုထိန်းညှိပေးနိုင်တဲ့ tryptophan ဒြဗ်ပေါင်း တွေပါပါတယ်။ Serotonin ကြောင့် လူကိုစိတ်ကျခြင်းနဲ့ စိတ်ဂယောက်ဂယက်ဖြစ်ခြင်း တို့ကိုဖြစ်စေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *