ညီလာခံတွင်လက်ခုပ်မတီးသည့် ဒီမိုကရက်တစ်သမားများကို သစ္စာဖောက်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှပြောကြား

သမ္မတဒေါ်နယ်ထရမ့်ဟာ လွန်ခဲ့တဲ့အင်္ဂါနေ့က ပြောကြားခဲ့သည့်မိန့်ခွန်းမှာ သူ့ရဲ့မိန့်ခွန်းကို ချီးမြှောက်အားပေးမှု မပြုလုပ်ခဲ့သော ဒီမိုကရက်တစ်အဖွဲ့သားများအားလုံးကို သစ္စာဖောက်၊ အမေရိကန်လူမျိုးမစစ် ဟုပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီမိုကရက်တစ်အဖွဲ့သားများဟာ သမ္မတထရမ့် မိန့်ခွန်းပြောသည့်ပွဲကို တတ်ရောက်ကြသော်လည်း လက်ခုပ်တီး၍ချီးမြှောက်ခြင်း လုံးဝမလုပ်ခဲ့ကြပါဘူး။ “ပြည်သူများ၏ကျန်းမာရေးတိုးတက်ဖို့ အစီအစဉ်ကို ခါးခါးသီးသီးငြင်းဆိုပြီး နောက်တစ်နေ့မှ အတူတစ်ကွ လုပ်ကိုင်ပြီး တိုးတက်အောင်လုပ်မယ်” ဆိုတဲ့စကားကို လက်ခံနိင်စရာအကြောင်းမရှိပါဘူးလို့ ဒီမိုကရက်တစ်ပါတီဝင် Sen Kamalas Harris က သမ္မတထရမ့်မိန့်ခွန်းအပြီးတွင် သတင်းထောက်များအား ပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်။

 

Leave a comment

Your email address will not be published.