တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုးရိမ်ဖွယ်ရာ အခြေအနေရောက်နေတဲ့ နျူကလီးယားလက်နက် အန္တရာယ်

ကမ္ဘာကြီးဟာ နျူကလီးယား စစ်ပွဲဖြစ်နိုင်ခြေဟာ အရင်နှစ်တွေထက်စာရင် ပိုတိုးလာတယ်လို့ ဂလိုဘယ် ဝေါရှ့်ဒေါ့ က အကြီးအကဲဖြစ်သူ က စကိုင်းနယူးသို့ပြောပါတယ်။ ဒေါက်တာ လက်စီနဇာဘို က “သူ့ရဲ့ စိုးရိမ်မှုဟာ မလုံလောက်သေးပဲ နိုင်ငံတွေကို နျူနဲ့ပတ်သက်တဲ့ စမ်းသပ်မှုတွေကို တားမြစ်ဖို့ လုပ်ဆောင်တဲ့ လက်မှတ်ထိုးတာနဲ့ စာချုပ်ချုပ်ဆိုတာ တွေဟာ လုပ်ဆောင်နေဆဲဖြစ်ပြီး မြောက်ကိုးယား အပေါ်တင်းမာမှုဟာ ကမ္ဘာကြီးကို အန္တာရာယ်ရှိတဲ့နေရာတစ်ခုဖြစ်လာစေပါတယ်လို့” သူကပြောပါတယ်။

နျူကလီးယားရဲ့ မီးပွားဟာ ဆက်လက်လောင်ကျွမ်းနေတယ်လို့ သူကပြောပါတယ်။ “ကျွန်တော်ထင်တယ်။ ကျွန်တော်အဖွဲ့အစည်းတွေမှာ လွန်ခဲ့တဲ့ ဆယ့်သုံးနှစ် လောက်က လုပ်ခဲ့တဲ့အချိန်ကထက် အခုအချိန်မှာ နျူကလီးယား အန္တရာယ်ဟာ အရင်နှစ်တွေက ထက် ပိုစိုးရိမ်လာရပါတယ်။”

“ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တွေကထက် ပိုအန္တရာယ်ရှိလာပါတယ်။ စစ်အေးကာလကတည်းက ကျွန်တော်တို့ဟာ ကမ္ဘာကြီးရဲ့ တင်းမာမှုတွေကြားမှာနေထိုင်လာကြပြီး ဘယ်သူမှ ဘာဖြစ်လာမယ်ဆိုတာကို မခန့်မှန်းနိုင်ပါဘူး။”

နျူ စမ်းသပ်မှုတားဆီးရေးနားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးတာ နဲ့ စာချုပ်ချုပ်ဆိုတဲ့နိုင်ငံ ၁၆၆ နိုင်ငံပဲ ရှိပါတယ်။

ကျန်တဲ့နိုင်ငံတွေထဲက ဆယ်သုံးနိုင်ငံမြောက်မှာ မြောက်ကိုးရီးယားက လက်မှတ်ရော၊ စာချုပ်ရော မချုပ်ဆိုထားပါဘူး။ ဆယ့်ခုနှစ်နိုင်ငံမြောက်တွေမှာတော့ အီရန်၊ တရုတ်၊ အစ္စရေး နဲ့ အမေရိကန်တို့ကတော့ လက်မှတ်ထိုးထားပေမယ့် စာချုပ်ချုပ်ဆိုထားခြင်းတော့မရှိပါဘူး။

အဲ့အချိန်မှာပဲ နျူစမ်းသပ်မှူတားဆီးရေးနားလည်မှူ စာချွန်လွှာ အဖွဲ့ အစည်းက နျူ စမ်းသပ်နေမှုကို စောင့်ကြည့်နေပါတယ်။ မြောက်ကိုးရီးယားကတော့ သူ့အတွက် နျူကလီးယား စမ်းသပ်လုပ်ဆောင်နေရတာ ပင်ပန်းပုံတော့မပေါက်ပါဘူး။

မြောက်ကိုးရီးယားက သူ့ရဲ့နောက်ထပ်စမ်းသပ်မှုတစ်ခုကို ပစိဖိတ် သမုဒ္ဒရာ အတွင်းမှာ ဆက်လက်လုပ်ဆောင်ဖို့ရှိနေပါတယ်။ အဲ့ဒါက လူတွေကို ခြိမ်းခြောက်နေပြီး ပတ်ဝန်းကျင်နဲ့ လေထုကိုလည်း ရေဒီယို သတ္တိကြွတွေနဲ့ ညစ်ညမ်းနေစေပါတယ်။

“ ဒီလိုလုပ်ဆောင်နေတာဟာ ပတ်ဝန်းကျင်အတွက် အန္တာရာယ်ရှိပါတယ်။ လူတွေအတွက်လည်း အန္တာရာယ်ရှိပါတယ်။ ဘာလို့လည်းဆိုတော့ အခုခေတ်လက်နက်တွေက လွန်ခဲ့တဲ့ ၄၅ နှစ်ထက်စာရင် ပိုစွမ်းအားကောင်းပြီး ကြောက်စရာကောင်းလာလို့ပါပဲ။”

ထိန်းချုပ်စခန်း ၃၀၀ ကနေပြီးတော့ လက်တင်အမေရိကရဲ့ အေးခဲနေတဲ့ မြေအောက်ကြမ်းပြင်ကနေ ရော၊ အသံကို ခြေရာခံတဲ့ စက်ပစ္စည်းတွေကို သမုဒ္ဒရာအောက်ထည့်ပြီး နောက်ထပ် နျူကလီးယားစမ်းသပ်မှု ရှိမရှိ အဆိုပါ အဖွဲ့ အစည်းက စောင့်ကြည့်နေပါတယ်။

ဒါပေမယ့် ဒီအဖွဲ့အစည်းဟာ လက်မှတ်ထိုးရုံပဲ ထိုးထားတဲ့ အဖွဲ့အစည်း တွေ စာချုပ်မချုပ်ဆိုသေးရင်တော့ သူတို့လုပ်ဆောင်ချင်တဲ့ ကဏ္ဍတွေကို အပြည့်အ၀ လုပ်ဆောင်ခွင့် ရမှာတော့မဟုတ်ပါဘူး။

“သင်မနက်နိုးလာရင်တော့ ဒီလိုစမ်းသပ်ချက်တွေကို မနက်ခင်းတိုင်းမှာ မြင်နေရမှာပဲလို့” ဇာဘိုကပြောပါတယ်။ ဆောင်းပါးတွေမှာ ဘယ်လိုဖော်ပြကြလဲဆိုတော့ ခေါင်းဆောင်တွေဟာ ဒီအတွက် အဖြေရှာနေကြတာမဟုတ်ပဲ တစ်ခါတစ်လေမှာ လုံခြုံရေးကောင်စီကတောင် အဖြေမရှာချင်ကြတာဟာ ကမ္ဘာကြီးကို ပိုစိုးရိမ်စေပါတယ်။ စိုးရိမ်သင့်ပါတယ်။”

စဉ်းစဉ်းစားစားတွေးကြည့်မယ်ဆိုရင်တော့ ဒေါ်နယ်ထရမ့်ရဲ့ စိန်ခေါ်တဲ့ စာတွေနဲ့ မြောက်ကိုးရီးယားရဲ့ အုပ်ချုပ်မှုစနစ်တွေက စမ်းသပ်မှုတွေကို ပိုမိုလုပ်ဆောင်စေတယ်လို့ပဲ ကောက်ချက်ချရတော့မှာပါ။

Source: Sky News

Leave a comment

Your email address will not be published. Required fields are marked *