တစ်ယောက်တည်း ခရီးသွားတဲ့ ဩစတြေးလျားခရီးသွားတစ်ဦး (၂)ရက်ကြာ တွားသွားခဲ့ရ

အသက် ၅၄နှစ်အရွယ်ရှိ ခရီးသွား Neil Parker ဟာ စက်တင်ဘာလ ၁၅ရက် တနင်္ဂနွေနေ့မှာဩစတြေးလျားနိုင်ငံ Queensland ပြည်နယ်၊ Brisbane မြို့ အနားရှိ Nebo တောင်ပေါ်သို့ တစ်ဦးတည်းခရီးသွားခဲ့ပါတယ်။ ထိုခရီးကို စထွက်ပြီး (၃)နာရီအကြာမှာ ကျောက်တုံးများပေါ်ခြေချော်ကာ ရေတံခွန်ထဲသို့ ပေ ၂၀လောက် ပြုတ်ကျသွားခဲ့သဖြင့် သူ၏ ဘယ်ဘက် လက်ကောက်ဝတ်နှင့် ခြေထောက် အောက်ပိုင်းကျိုးသွားခဲ့ပါတယ်။

ကံဆိုးချင်တော့ ပြုတ်ကျစဉ်က Neil Parker ရဲ့ ဖုန်းဟာ ရေတံခွန်အောက်သို့ ပြုတ်ကျသွားတဲ့အတွက် ဖုန်းဆက်အကူ အညီတောင်းလို့ မရတော့ပဲ တစ်ဦးထဲဘာလုပ်ရမယ်မှန်းမသိတဲ့အခြေအနေကို ရောက်သွားပါတော့တယ်။ ထိုအချိန်မှာ Neil Parker က သူ့အိပ်ထဲမှာပါလာတဲ့ ရှေ့ဦးသူနာပြုဆေးများနှင့် ပတ်တီးများကိုသုံးပြီး ကျိုးနေနဲ့ ခြေထောက်ကို ခက်ခက်ခဲခဲနဲ့ ပတ်တီးစည်းခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အကူအညီရသည်အထိ တွားသွားခဲ့ပါတော့တယ်။ တစ်မီ တာလောက် သွားလိုက်၊ခဏနားလိုက်နဲ့ ၂ရက်လောက် တစ်ယောက်တည်းတွားသွားခဲ့ရတယ်လို့သိရပါတယ်။

Neil Parker ဟာ 3ကီလိုမီတာ [2 miles] ခရီးကို (၂)ရက်ကြာတစ်ဦးတည်း တွားသွားခဲ့ပြီးနောက်မှာတော့ ဗုဒ္ဓဟူး နေ့မှာ အကူအညီရခဲ့တဲ့အတွက် အသက်မသေပဲ မိသားစုများနဲ့ ပြန်လည်စုံတွေ့ခွင့်ရခဲ့ပါတယ်။ အခုလို ဒုက္ခနဲ့ ရင်ဆိုင် ပြီးနောက် Neil Parker ပြောတဲ့စကားကတော့ နောက်တစ်ခါဘယ်တော့မှ အဲဒီနေရာကို မသွားတော့ဘူး ဆိုတာပဲ ဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *