တစ်လကို ဒေါ်လာ ၁၂၀၀ ကျမယ့်​ ကျောတစ်ခင်းစာ အိပ်ရာ။

ဒီနေ့ခေတ်မြို့ကြီးတော်တော်များများမှာ အိမ်ငှားခနဲ့ နေထိုင်စရိတ်က များစွာကုန်ကျပါတယ်။ Apartment တစ်ခု (သို့) တိုက်ခန်းတစ်ခန်းငှားစရိတ်က တစ်လကို ပျမ်းမျှ ဒေါ်လာ ၃၀၀၀ ရှိပါတယ်။ စင်ကာပူ၊ ဟောင်ကောင်နဲ့ အမေရိကန်နိုင်ငံက မြို့ကြီးတော်တော်များများရဲ့ တိုက်ခန်းငှားရမ်းခ စျေးနှုန်းက ပျမ်းမျှ တစ်လကို ဒေါ်လာ ၃၀၀၀ နီးပါးရှိပါတယ်။ ငှားရမ်းခအပြင် အသုံးစရိတ်တွေဖြစ်တဲ့ မီတာခွန်နဲ့ ရေခွန်တွေကလည်း အသုံးပြုများတဲ့အပေါ်မူတည်ပြီး ပေးရတာကြောင့် သာမန်ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေအတွက်က များစွာ အခက်တွေ့ပါတယ်။

ဒီအခက်အခဲတွေကိုကြည့်ပြီး ငှားရမ်းခစရိတ်သက်သာအောင်နေနိုင်မယ့် PodShare ပေါ်လာပါတယ်။ PodShare ဆိုတာက​ အဆောင်သဘောဖြစ်ပြီး အခြားအခန်းဖော်တွေနဲ့ တူတူနေရတာ ဖြစ်ပါတယ်။ PodShare မှာ အိပ်ခန်းသီးသန့်မရှိပေမယ့် ကိုယ့်အိပ်ရာနေရာသီးသန့်ပုံစံံဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးကို Pod လို့လည်း ခေါ်ကြပါတယ်။

Pod မှာပါဝင်တဲ့အရာက ကိုယ်ပိုင်စာကြည့်မီး၊ အားသွင်းလို့ရတဲ့ မီးပလက်ပေါက်နဲ့ wifi access ပါဝင်ပါတယ်။ ဒါ့အပြင် ထမင်း၊ဟင်းချက်ချင်ရင်ဖြစ်ဖြစ် တစ်ခုခုစားချင်တာဖြစ်ဖြစ် မီးဖိုချောင်ရှိပြီး ချက်ပြုတ်စားသောက်လို့ရပါတယ်။ သွားတိုက်ဆေး၊ ဆပ်ပြာနဲ့ အိမ်သာသုံး စက္ကူတွေလည်း ဖြည့်ဆည်းပေးထားပါတယ်။ တစ်လကို ငှားရမ်းခစရိတ်က ဒေါ်လာ ၁၂၀၀ ဖြစ်ပြီး ကျောတစ်ခင်းစာ အိပ်ရာနဲ့ အခြား service တွေရရှိမှာ ဖြစ်ပါတယ်။ PodShare ကို ငှားရမ်းကြတဲ့ လူတွေက လူငယ်အများစုဖြစ်ပြီး ​ကွန်ပျူတာနဲ့ အလုပ်လုပ်ကြသူများဖြစ်ပါတယ်။

အခြားတိုက်ခန်း တစ်နှစ်ငှားရမ်းစရိတ်က​ လေယာဉ်နဲ့ နိုင်ငံအနှံ့ပတ်လို့ရတဲ့ စရိတ်နဲ့ညီပါတယ်။ ဒါ့အပြင် podshare ကို ငှားရမ်းပြီးနေထိုင်ခြင်းကြောင့် ကိုယ့်လိုမျိုး တီထွင်ဆန်းသစ်တဲ့ လူငယ်တွေနဲ့ တွေ့ပြီး အကြံကောင်းဉာဏ်ကောင်းတွေ အများကြီးထွက်နိုင်တယ်လို့​ podshare ငှားရမ်းတဲ့လူတွေက ပြောကြပါတယ်။ Podshare မှာကောင်းတဲ့အချက်တွေရှိသလို ဆိုးတဲ့အချက်က privacy မရှိတာပါ။ ည ၁၀နာရီဆို မီးပိတ်ပြီး အပြင်ဧည့်သည်ကို ခေါ်လို့မရပါဘူး။ သင်က တစ်ယောက်တည်း အေးဆေးနေရတာကြိုက်တဲ့လူဆိုရင်တော့ PodShare က သင့်အတွက်မဟုတ်ပါဘူး။

Leave a comment

Your email address will not be published. Required fields are marked *