Source: Mashable
Unicode: တန် ၄၀ အလေးချိန်ခန့်ရှိတဲ့ ဝေလငါး တစ်ကောင် ရေပေါ်ခုန်ထွက်လာခြင်းကို ရေငုပ်သမားများမှ မှတ်တမ်းတင်နိုင်ခဲ့
တန် ၄၀ လောက်ရှိတဲ့ ဝေလငါးတစ်ကောင် ဟာ ရေပေါ်ကနေ ကိုယ်လုံးပြည့် ခုန်ထွက်လာတာကို ရေငုပ်သမား တွေက ဗွီဒီယိုရိုက်ကူးနိုင်ခဲ့ပါတယ်။
အရွယ်အစားကြီးမားတဲ့ အရွယ်ရောက်ပြီးသား ဖြစ်တဲ့ ဟမ်းပက် ဝေလငါး အမျိုးအစားတစ်ကောင်ဟာ တောင်အာဖရိကရဲ့ အရှေ့တောင်ပိုင်း ကသမုဒ္ဒရာ ရေကိုခွဲထွက်ပြီးတော့ ခုန်ပျံခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ ဇူလိုင်လအစောပိုင်းက ဖြစ်ပေါ်ခဲ့တာပါ။ ဒီလိုအရွယ်အစားကြီးမားတဲ့ ဝေလငါးတစ်ကောင်ဟာ ရှေ့ကိုဆက်သွားဖို့အတွက် ရေထဲကနေ တစ်ကိုယ်လုံးအတိုင်းအတာအထိ အပြင်ကို ထွက်လာပါတယ်။ ဒါဟာ လင်းပိုင်နဲ့ ဒါမှမဟုတ် တစ်ခုခုနဲ့ ဆင်တူနေပါတယ်။
ဒီလိုထူးဆန်း လေးစားလောက်တဲ့မြင်ကွင်းကို ဗွီဒီယို အရယူနိုင်ခဲ့တဲ့သူကတော့ ဒိုင်ဗင်ထိုးသမားတစ်ယောက်ဖြစ်တဲ့ Craig Capehart ဖြစ်ပြီး သူ့ သူငယ်ချင်းသုံးယောက်ကလည်း သူ့လှေပေါ်ကနေ ဒါကို မြင်ခဲ့ပါတယ်။
“ဒါက တစ်ကယ့်ကို တစ်ခါမှ မမြင်ဘူးတဲ့ မြင်ကွင်းမျိုးဖြစ်ပြီး ဒီလို ဟမ်းပက်ဝေလငါး တစ်ကိုယ်လုံး ရေပေါ်ခုန်ထွက်လာတာကို ဗွီဒီယို ရယူဖို့ဆိုတာကလည်း တော်တော်မလွယ်ကူတဲ့ ကိစ္စပါ။ တစ်ကယ့်ကိုရှားပါးတဲ့အဖြစ်အပျက်ဖြစ်တယ်လို့” Capehart က သူတင်ထားတဲ့ YouTube မှာ ရေးထားပါတယ်။
လေကောင်းလေသန့်ကို ရှုရှိုက်ပါ။ အသင် ဝေလငါး။ သင့်အတွက်ကောင်းမွန်ပါတယ်။
Source: Mashable
Leave a comment
Your email address will not be published. Required fields are marked *