၂၅၊ သြဂုတ် ၊ ၂၀၁၇
Source: Sky News
Unicode : တရားခံကို လိုက်ရင်း ရဲကားမှ လမ်းသွားလမ်းလာတစ်ယောက်ကို ကားဖြင့်တိုက်မိသဖြင့် သေဆုံး
999
၉ သုံးလုံးလို့ ခေါ်တဲ့ ရဲကားနဲ့ တိုက်ခံရချင်းမှာပဲ လူတစ်ယောက်သေဆုံးသွားတဲ့ဖြစ်စဉ် ဘရိုက်တန်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။
၂၅၊ သြဂုတ် ၊ ၂၀၁၇
ဘရိုက်တန်မှာ ရှိတဲ့လူတစ်ယောက် ဟာ ရဲကားနဲ့ တိုက်ခံရချင်းမှာ ပဲသေဆုံးသွားပါတယ်။ ဖော်ပြချက်အရ ရဲတွေက ကိပ်တောင်းက Devonshire နေရာတစ်ခုမှာ လမ်းသွားလမ်းလာ တစ်ယောက်ကို တိုက်မိပြီးတဲ့အချိန် ဒီကနေ့ တစ်နာရီမထိုးခင် မှာ အရေးပေါ်အခြေအနေ လို့ ကြေငြာခဲ့ပါတယ်။
“တိုက်ခံရတဲ့သူက နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ အဲ့ဒီနေရာကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ် ဖို့ အတွက် ခေတ္တ ပိတ်ထားလိုက်ပါပြီလို့” Independent Police Complains Commission က ရည်ညွှန်းဖော်ပြထားပါတယ်။
ဒီလို ဖော်ပြရတာ ဟာ IPCC က ဇူလိုင် ကထုတ်ပြန်တဲ့ ကိန်းဂဏန်းကို အခြေခံထားတာဖြစ်ပါတယ်။ အဲ့စာရင်းမှာဖော်ပြထားတာက လမ်းသွားလမ်းလာတွေဟာ ရဲတွေ လူဆိုးနောက်ကို လိုက်ရင်း သေဆုံးရတဲ့ဖြစ်ရပ်ဟာ မနှစ်ကထက်စာ ရင် ဒီနှစ်မှာ နှစ်ဆလောက် ရှိနေပါတယ်။
၂၀၁၇ ဧပြီလ အထိ လူဦးရေ ၂၈ ယောက် သေဆုံးရတာ ဟာ ရဲတွေ လူဆိုးနောက်လိုက် ရင်းဖြစ်ကြရတာဖြစ်ပြီး ဒီအရေအတွက်ဟာ ၂၀၀၅၊ ၂၀၁၆ နဲ့ စာရင် ပိုများနေပါတယ်။
သုံးပုံ နှစ်ပုံ သော သေဆုံးသူတွေက ခရီးသွားတွေနဲ့ ရပ်ကြည့်နေတဲ့သူတွေဖြစ်ကြပါတယ်။
“ဒီလို အမှုတွေနောက်လိုက်တာဟာ လျင်လျင်မြန်မြန်လုပ်ဆောင် ရတဲ့ကိစ္စဖြစ်ပြီး ရဲတွေက လမ်းမှာ အန္တာရာယ် အကင်းနိုင်ဆုံး မောင်နှင်နေကြတယ်ဆိုတာ သေချာ စေဖို့အတွက် အာဏာပိုင်တွေရဲ့ အစီအစဉ်တွေရှိပါတယ် လို့” IPCC ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ Dame Ann Owers က လမ်းသွားလမ်းလာတွေ သေဆုံးမှု မြင့်တက်လာ ရခြင်းမှာ တုန့်ပြန်ထားပါတယ်။
“ ကျွန်တော်တို့ စုံစမ်း မှုတွေလုပ်တဲ့အခါမှာ ဒီအစီအစဉ်တွေ ကို ရဲတွေက လိုက်နာမှုရှိမရှိရယ် နဲ့ ဒီလိုကိစ္စ တွေအတွက် တာဝန်ခံမှု ရှိမရှိကို စုံစမ်းစစ်ဆေးပါတယ်။”
Source: Sky News
Published
Categorized as News
Leave a comment
Your email address will not be published.