နေ့တိုင်း တရားထိုင်မယ်ဆို ဘာတွေ ဖြစ်လာမလဲ

ဗုဒ္ဓဘာသာ လူမျိုးတွေကမှ တရားထိုင်ကြတာမဟုတ်ပါဘူး။ တရားထိုင်တယ်ဆိုတာက တစ်နည်းအားဖြင့် စိတ်ကို တည်ငြိမ်အောင်လုပ်ခြင်းပါပဲ။ ဘာသာတိုင်းမှာ တရားထိုင်တဲ့ အလေ့အကျင့်ကောင်းတွေရှိပါတယ်။ သင့်စိတ်တွေ အရမ်းရှုပ်ထွေးနေတဲ့အချိန်၊ သင့် စိတ်တွေ ပျံ့လွင့်နေတဲ့အခါမျိုးတွေမှာ တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့ စိတ်တွေကို ပြန်လည် ဖမ်းယူနိုင်မှာဖြစ်ပြီး သင့်ရဲ့ စိတ်စွမ်းအားတွေကိုလည်း တိုးတက်လာစေမှာဖြစ်ပါတယ်။ ယခုဖော်ပြမှာကတော့ သိပ္ပံနည်းကျ စစ်ဆေးထားတဲ့ တရားထိုင်ခြင်းနဲ့ ပက်သတ်ပြီး ရလဒ် အကျိုးကျေးဇူးများပဲဖြစ်ပါတယ်။ ဒါတွေကတော့-

၁။ စိတ်ဖိအားကို လျော့ကျစေပါတယ်။

၂။ စိုးရိမ်ပူပန်တတ်တာတွေ၊ စိတ်လှုပ်ရှားတတ်တာတွေကိုလည်း တည်ငြိမ်စေပါတယ်။

၃။ လူမှုဆက်ဆံရေးမှာလည်း တိုးတက်စေပါတယ်။

၄။ ဦးနှောက်မှတ်ဉာဏ်ကိုလည်း တိုးစေပါတယ်။

၅။ စိတ်ကို ညစ်နွမ်းစေခြင်းမရှိအောင် ပျော်ရွင်အောင် အကောင်းမြင်စွာနေတတ်အောင် သင်ကြားပေးနိုင်ပါတယ်။

၆။ လုပ်ငန်းခွင်မှာ ဆုံးဖြတ်ချက်ပိုင်းနိုင်စွာ ချတတ်လာပြီး လုပ်ကိုင်လာနိုင်ပါတယ်။

၇။ ဦးနှောက်ရဲ့ စဉ်းစားစွမ်းအင်ကို တိုးစေပါတယ်။

၈။ အထီးကျန်မှုကို လျော့ချပေးပါတယ်။

၉။ EQ ကိုမြှင့်တင်ပေးပါတယ်။

၁၀။ ဦးနှောက်ကို ပိုမိုကောင်းမွန်သော စိတ်ခံစားမှုများသာ ရနိုင်ရန်အတွက် အလေ့အကျင့်ပေးပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *