တရားမဝင်ရွှေ့ပြောင်းလာသူ များပြားလာမှုကြောင့် ပြင်သစ်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဝန်ပိ

ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်းက Seine-Saint-Denis မြို့မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်လာသူတွေဟာ မြို့လူဦးရေရဲ့ ၅ပုံတစ်ပုံအထိရှိလာတဲ့အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အကြီးအကျယ်ဝန်ပိနေပြီး လူမှုရေး ဆိုင်ရာတင်းမာမှုတွေလည်း ဖြစ်ပေါ်နေကြောင်း ပါလီမန်သတင်းကိုကိုးကားပြီး The Independent သတင်းကရေးသား ဖေါ်ပြခဲ့ပါတယ်။ အဲဒီမြို့ဟာ ပြင်သစ်နိုင်ငံမှာ တရားမဝင်ရွှေ့ပြောင်းတွေဝင်ရောက်မှု အများဆုံးဒေသဖြစ်ပြီး ယခုအခါ လူဦးရေ၄၀၀၀၀၀အထိမြင့်တက်လာတယ်လို့ဆိုပါတယ်။ ကွန်ဆာဗေးတစ် သတင်းစာ Le Figaro ရဲ့ဖေါ်ပြချက်အရ အဲဒီဒေသမှာ လူမှုရေး၊စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေဟာ အံ့သြလောက်အောင်ချို့ယွင်းနေပြီး လူဦးရေရဲ့ ၂၈ ရာနှုန်းဟာ ဆင်းရဲမွဲတေမှုအဆင့်အောက်မှာ အသက်ရှင်နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ ရဲစခန်းတွေ၊စာသင်ကျောင်းတွေ၊တရားရုံးတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဋ္ဌာနတွေဟာ အလျင်မီအောင်ကြိုးစားနေကြရပြီး တရားဝင် အထောက်အထားမပြနိုင်တဲ့ နိုင်ငံခြားသားတွေဟာ အာဏာပိုင်တွေကို ထိရောက်တဲ့ မူဝဒတွေအပြီးသတ်ဆောင်ရွက်ဖို့ အတားအဆီးဖြစ်နေတယ်လို့ ပါလီမန်အမတ် ၂ ဦးဖြစ်တဲ့ Rodrigue Koukouendo နဲ့ Francois Cornut-Gentille တို့က ပြောဆိုခဲ့ကြပါတယ်။
ပြင်သစ်လူမျိုးတွေကတော့ သူတိုရဲ့မြို့တော်ကို ပြင်သစ်မြောက်ပိုင်းက လူတွေဥဒဟိုဝင်ထွက်နေကြတဲ့ ကူးတို့ဆိပ်မြို့Calais လို ဖြစ်သွားမှာကို စိုးရိမ်တဲ့အတွက် ပိုမိုတင်းကျပ်တဲ့မူဝါဒတွေနဲ့ နယ်နှင်ဒဏ်တွေပေးဖို့ တောင်းဆိုနေကြကြောင်း သိရပါတယ်။
Source: The Independent

Leave a comment

Your email address will not be published. Required fields are marked *