တရုတ္ျပည္ေတာင္ပိုင္းတြင္ တိုင္ဖြန္းမုန္တိုင္းျဖစ္၊ လူ ၁၂ ဦး အနည္းဆံုး ေသဆံုး

တရုတ္ျပည္ေတာင္ပိုင္း မာကာအိုနဲ႕ ေဟာင္ေကာင္ျမိဳ႕မွာ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ေလၾကီးမိုးၾကီးက်ေရာက္ခဲ့ျပီး လူ၁၂ ဦး အနည္းဆံုး ေသဆံုးခဲ့တယ္လို႕ သိရပါတယ္။ တိုင္ဖြန္း မုန္တိုင္းေၾကာင့္ ကစားကြင္းထဲမွာ ေသဆံုးသူ ၈ ဦးရွိခဲ့ျပီး အသက္ ၆၂ အရြယ္ အဘိုးအို တစ္ဦး ေလျပင္းေၾကာင့္ ျပဳတ္က်ေသဆံုးတယ္လို႕ သိရပါတယ္။

၄၅ ႏွစ္အရြယ္ အမ်ိဳးသားတစ္ေယာက္ကေတာ့ ေလျပင္းနဲ႕အတူ လြင့္စင္သြားတာျဖစ္ျပီး ကားနဲ႕တိုက္မိတာေၾကာင့္ ေသဆံုးခဲ့ပါတယ္။ အသက္ ၃၀ အရြယ္ အမ်ိဳးသားတစ္ေယာက္ကေတာ့ ေလျပင္းေၾကာင့္ နံရံနဲ႕ တိုက္မိျပီး ေသဆံုးတာ ျဖစ္ပါတယ္။

ျမိဳ႕ေတာ္ရဲ႕ ေနရာအခ်ိဳ႕မွာ လွ်ပ္စစ္မီးျဖတ္ေတာက္ခဲ့ရျပီး ေရၾကီးမႈမ်ားလည္း တစ္ခ်ိန္ထဲမွာ ျဖစ္ေပၚေနပါတယ္။ အဆိုပါ ေလျပင္းဟာ အလတ္စားအရြယ္ကေန ရုတ္တရက္ အင္အားၾကီး တိုင္ဖြန္းေလမုန္တိုင္းအျဖစ္ ခ်က္ခ်င္းေျပာင္းလဲသြားတာ ျဖစ္ျပီး လူေသမႈနဲ႕အတူ ေနအိမ္အခ်ို႕ကိုပါ ပ်က္စီးေစခဲ့ပါတယ္။

Unicode : တရုတ်ပြည်တောင်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းဖြစ်၊ လူ ၁၂ ဦး အနည်းဆုံး သေဆုံး

typhone

တရုတ်ပြည်တောင်ပိုင်း မာကာအိုနဲ့ ဟောင်ကောင်မြို့မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် လေကြီးမိုးကြီးကျရောက်ခဲ့ပြီး လူ၁၂ ဦး အနည်းဆုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ တိုင်ဖွန်း မုန်တိုင်းကြောင့် ကစားကွင်းထဲမှာ သေဆုံးသူ ၈ ဦးရှိခဲ့ပြီး အသက် ၆၂ အရွယ် အဘိုးအို တစ်ဦး လေပြင်းကြောင့် ပြုတ်ကျသေဆုံးတယ်လို့ သိရပါတယ်။

၄၅ နှစ်အရွယ် အမျိုးသားတစ်ယောက်ကတော့ လေပြင်းနဲ့အတူ လွင့်စင်သွားတာဖြစ်ပြီး ကားနဲ့တိုက်မိတာကြောင့် သေဆုံးခဲ့ပါတယ်။ အသက် ၃၀ အရွယ် အမျိုးသားတစ်ယောက်ကတော့ လေပြင်းကြောင့် နံရံနဲ့ တိုက်မိပြီး သေဆုံးတာ ဖြစ်ပါတယ်။

မြို့တော်ရဲ့ နေရာအချို့မှာ လျှပ်စစ်မီးဖြတ်တောက်ခဲ့ရပြီး ရေကြီးမှုများလည်း တစ်ချိန်ထဲမှာ ဖြစ်ပေါ်နေပါတယ်။ အဆိုပါ လေပြင်းဟာ အလတ်စားအရွယ်ကနေ ရုတ်တရက် အင်အားကြီး တိုင်ဖွန်းလေမုန်တိုင်းအဖြစ် ချက်ချင်းပြောင်းလဲသွားတာ ဖြစ်ပြီး လူသေမှုနဲ့အတူ နေအိမ်အချို့ကိုပါ ပျက်စီးစေခဲ့ပါတယ်။

 

Leave a comment

Your email address will not be published. Required fields are marked *