တရုတ်က ကိုယ်ပျောက်လေယာဉ် J-20 ဟာ တိုက်ပွဲဝင်ရန် အသင့်အနေအထားသို့ ရောက်ရှိ

တရုတ်ဟာ ခေတ်နောက်ကျနေပြီလို့ပြောလို့ရတဲ့ J-16 နဲ့ J-10C တိုက်လေယာဉ်နေရာမှာ အစားထိုးမယ့် J-20 ကိုယ်ပျောက် (ရေဒါပျောက်) ဂျက်လေယာဉ်များဟာ တိုက်ပွဲဝင်ရန် အဆင်သင့် အနေအထားသို့ ရောက်ရှိပြီဖြစ်ကြောင်းကို တရုတ် လေတပ်က ကြေငြာလိုက်ပြီးဖြစ်ပါတယ်။

တရုတ်တို့ရဲ့ ပြည်တွင်းဖြစ် J-20 တိုက်လေယာဉ်ကို လေကြောင်းနည်းပညာ ကော်ပိုရေးရှင်းကြီး Chendu က တာဝန်ယူ ထုတ်လုပ်တာဖြစ်ပြီး စတင်ဘာလ ထဲက တရုတ်လေတပ်ထဲသို့ ရောက်ရှိနေတာပါ။ ယခုအခါမှာတော့ တိုက်ပွဲဝင်ရန်အဆင့်သို့ ရောက်ရှိလာတာဖြစ်ပါတယ်။ J-20 ဟာ ရေဒါများ ထောက်လှမ်းနိုင်စွမ်းကို အနိမ့်ဆုံးထိ လျော့ချနိုင်ရန် ဒီဇိုင်းဆွဲထားပြီး အင်ဂျင် ၂လုံးတပ်ဆင်ထားပါတယ်။ ထို့ပြင် အင်ဂျင်တစ်လုံး ပျက်ဆီးသွားပါက တစ်လုံးတည်းဖြင့် ဆက်လက် ပျံသန်းနိုင်ရန် လုပ်ဆောင်ထားတယ်လို့လည်း သိရှိရပါတယ်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်၏ လေတပ် ပြောရေးဆိုခွင့်ရ အမျိုးသမီး ရှန်ဂျင်ကီက “J-20တွေရဲ့ တိုက်ပွဲဝင်အဆင့် အသင့်အနေအထား ရောက်ရှိလာမှုဟာ လေတပ်အနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်မြဲမှုနဲ့ လုံခြုံမှုကို ပခုံးထမ်း တာဝန်ယူရာမှာ ပိုပြီး ထိရောက် ထက်မြက်လာစေမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ J-20 တိုက်လေယာဉ် အစီး၂၀လောက်ထိ ပိုင်ဆိုင်ထားပြီး နည်းပညာမပေါက်ကြားနိုင်ရေးအတွက် တရုတ်အစိုးက ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချခွင့်ကို တာမြစ်ထားတယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published.