တရုတ်က ဒရုန်းတွေကို ဖမ်းနိုင်တဲ့ အမဲလိုက်ဒရုန်းသစ်ကို တီထွင်

စက်တင်ဘာလ ၅ရက်က တရုတ်ရဲ့ စစ်ဘက်ဆိုင်ရာ Website တွင် သူတို့ရဲ့ Drone တွေဟာ Drone တွေကို ဖမ်းနိုင် တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့ နည်းပညာနှင့် ပေါင်းစပ်ကာ စက်ဘက်ဆိုင်ရာသုံး Drone တွေမှာ ပိုက်ကွန်များကိုတပ်ဆင်ကာ 16-square-meter (172 square feet) တွင် ပျံသန်းနေတဲ့ Drone တွေ ကို ဖမ်းဆီးနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။

ထို Drone များကို တရုတ်အာကာသသိပ္ပံနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များကော်ပိုရေးရှင်းက တီထွင်ခဲ့တာဖြစ်ပြီး အနိမ့်တွင် အနှေးပျံ့သန်းတဲ့ Drone အသေးတွေကို ဖမ်းဆီးရန်အတွက် ရည်ရွယ်ကာထုတ်လုပ်ခဲ့တာဖြစ်ကြောင်းနှင့် ၎င်းကို hexacopter drone လို့ခေါ်ကြောင်းသိရပါတယ်။ ထို Drone များဟာ ကင်းလှည့်စောင့်ကြည့်ရေးနှင့် ထောက်လှမ်းရေးလုပ်ငန်းတွေကိုပါ လုပ်ဆောင်နိုင်ကြောင်းလဲ သိရပါတယ်။

တရုတ်ဟာ Drone ထုတ်လုပ်မှုမှာ ထိပ်ဆုံးဖြစ်သလို တစ်ပတ်အတွင်းမှာ Drone အသစ်မိတ်ဆက်ခြင်းဟာ (၂)ကြိ မ်မြောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ပထမအကြိမ်ကတော့ သြဂုတ်လတုန်းက ရုရှား၌ကျင်းပခဲ့သော လေတပ်အင်အားပြပွဲတွင် ပြသခဲ့သော LJ-I ကိုယ်ပျောက် Drone ပဲဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published.