တရုတ်က နှစ်သစ်ကူးပွဲတော်ကာလ ခရီးသွားဝင်ငွေအမေရိကန် ဒေါ်လာ ၇၆.၂၁ ဘီလီယံရရှိ

ကမ္ဘာပေါ်မှာ တစ်နှစ်အတွင်းခရီးသွားအများဆုံးလူမျိုးက တရုတ်လူမျိုးဖြစ်တယ်လို့ဆိုရင် သင့်အတွက် အံ့သြစရာ တော့ မရှိပါဘူး။အကြောင်းရင်းကတော့ လက်ရှိတရုတ်နိုင်ငံရဲ့ လူဦးရေဟာ သန်းပေါင်း ၁၄၀၀ ကျော်သွားပြီ ဖြစ်တဲ့ အပြင် လက်ရှိတရုတ်ရဲ့ တစ်မျိုးသားလုံး အသားတင်ထုတ်လုပ်မှုပမာဏဟာ ၂၇ ထရီလီယံကျော်ခဲ့ပြီဖြစ်ပြီး တစ်ဦးချင်း ဝင်ငွေဟာလည်း ဒေါ်လာ ၂၀၀၀၀ နီးပါးကို ရောက်ရှိခဲ့အတွက် တရုတ်လူမျိုးတွေ အစစအဆင်ပြေဖူလုံလာတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ တရုတ်ရဲ့ GDP အချိုးဟာ တစ်ကမ္ဘာလုံးရဲ့ ၂.၃၂%ပဲရှိခဲ့ရာကနေ ၂၀၁၈ခုနှစ်မှာ ၁၈.၇၂ % အထိ အံ့မခန်းတိုးတက်လာခဲ့ပါတယ်။ ဒါတင်မကပါဘူး ကမ္ဘာတစ်ဝန်း နိုင်ငံရပ်ခြား တရုတ်လူဦးရေက လည်း သန်း၅၀ကျော်တောင်ရှိနေတာကလည်း တရုတ်ခရီးသွားလုပ်ငန်းအတွက် အထောက်အကူတစ်ခု ဖြစ်နေပြန်ပါ တယ်။
ဒါကြောင့်လည်း တရုတ်တို့ရဲ့ နှစ်ကူးပွဲတော်ကာလရောက်ပြီဆိုရင် ကမ္ဘာတစ်ဝန်းတရုတ်ခရီးသွားတွေနဲ့ ပြည့်နှက်နေ တော့ တာပါပဲ။ အခုလည်း လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကမှ ပြီးဆုံးသွားတဲ့ နှစ်ကူးပွဲတော်ခရီးသွားကာလမှာ တရုတ်နိုင်ငံ ခရီးသွားလုပ်ငန်းက ဝင်ငွေ တရုတ်ယွန် ၅၁၃.၉ ဘီလီယံ(အမေရိကန်ဒေါ်လာ ၇၆.၂၁ ဘီလီယံ) ရရှိခဲ့တယ်လို့ ဆင် ဟွာသတင်းအရသိရပါတယ်။
နိုင်ငံတစ်ဝန်း လူသန်းပေါင်း ၄၁၅ သန်းခရီးသွားခဲ့ကြပြီး ဒီအထဲက ၄၀%ဟာ ပြတိုက်တွေကိုသွားရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ယမန်နှစ်ကတော့ ၃၈၆ သန်းသာသွားရောက်ခဲ့ကြတာကြောင့် ယမန်နှစ်ကထက် ၈.၂% တိုးလာတယ် လို့ သိ၇ပါတယ်။ နှစ်ကူးပွဲတော် ကာလအတွင်းတရုတ်လူမျိုးတွေရဲ့ ခရီးသွားနှုန်းဟာ တစ်နှစ်ပြီးတစ်နှစ် ၇.၂% စီ တိုးလာတယ်လို့ တရုတ်ခရီးသွားလာရေးဝန်ကြီးဋ္ဌာနကဆိုကြောင်း ဆင်ဟွာသတင်းအရသိ၇ပါတယ်။

Source:Xinhua News

Leave a comment

Your email address will not be published. Required fields are marked *