တရုတ်က အင်္ဂလန်မှလာတဲ့ တန်နဲ့ချီတဲ့ ပလပ်စတစ် အမှိုက်တွေကို ငြင်းဆန်လိုက်ပါတယ်

တရုတ်ဟာ ပြန်လည်ပြင်ဆင်အသုံးပြုလို့ရတဲ့ အင်္ဂလန်က အိမ်သုံးပလပ်စတစ် တင်သွင်းမှုကို လက်ခံတော့မှာမဟုတ်တဲ့အတွက် ထောင်နဲ့ချီ တန်ချိန်ရှိတဲ့ ပလပ်စတစ် အပိုင်းအစတွေဟာ ဘယ်နေရာမှာ စွန့်ပစ်ရမလဲဆိုတာ စိုးရိမ်စရာကိစ္စတစ်ခုဖြစ်လာပါတယ်။ သုံးပုံတစ်ပုံသော ပြန်လည်အသုံးပြုလို့ရတဲ့ အင်္ဂလန်က ပလပ်စတစ် တွေဟာ လတ်တလောမှာ တရုတ်နဲ့ ဟောင်ကောင်ကို တင်သွင်းမှုတွေပြုလုပ်နေပြီး တစ်ခါတစ်လေမှာ အထုပ်အပိုးတွေနဲ့ရောက်လာတတ်ပါတယ်။

ပလပ်စတစ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး ကြီးမားတဲ့ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေအတွက် နိုင်ငံတွေက အသုံးပြုနေကြတာဖြစ်ပါတယ်။ ပလပ်စတစ်တွေကို အရည်ပျော်အောင်လုပ်ဆောင်လို့ရပြီး လျှပ်စစ်နဲ့ဆိုင်တဲ့ပစ္စည်းတွေ၊ ကလေးကစားစရာအရုပ်တွေနဲ့ ကွန်ပျူတာတောင်ပြုလုပ်တာရှိပါတယ်။

သို့သော်လည်း ဇန်နဝါရီလကနေစပြီး တရုတ်အစိုးရဟာ ပစ္စည်းတွေထုတ်လုပ်ဖို့အတွက် ဘာအစီအစဉ်မှမရှိတာကြောင့် အင်္ဂလန်က လာတဲ့ ပလပ်စတစ်အပိုင်းအစတွေကို တင်သွင်းမှု ရပ်တန့်သွားတော့မှာဖြစ်တယ်လို့ ကြေငြာလိုက်ပါတယ်။

“ကျွန်တော်တို့ ဟာ တရုတ်ရဲ့ တော်လောက်ပြီဆိုတဲ့အချက်နဲ့ ကျွန်တော်တို့ကို သတိပေးခဲ့တာအကြိမ်ကြိမ်ပါပဲ။ တရုတ်က ကမ္ဘာရဲ့ အမှိုက်တွေကို အလိုမရှိပါဘူး။ သူတို့ဟာသူတို့ဆီက ထွက်တဲ့ပစ္စည်းတွေနဲ့  လုံလောက်အောင်တွက်ချက် လုပ်ဆောင်သွားမယ်ထင်ပါတယ်။အဲ့လိုဖြစ်လာတော့မယ်ဆိုတာကို ကျွန်တော်တို့သိနေပါတယ်”လို့ ပလပ်စတစ်ပြန်လည်အသုံးပြုရေး အဖွဲ့အစည်းရဲ့ အကြီးအကဲ ဆိုင်မွန်အီလင် ကပြောပါတယ်။

၂၀၁၆ မှာ အင်္ဂလန်က ပလပ်စတစ်အပိုင်းအစ တန်ချိန်ပေါင်း ၇၉၀၀၀၀ ကို တင်ပို့ခဲ့ပါတယ်။ အဲ့ဒီထဲကမှ ၅၅% ဟာ တရုတ် ဒါမှမဟုတ် ဟောင်ကောင်ကို တင်ပို့နေတာပါ။ တရုတ်က အခုချိန်မှာ သူ့ဆီကို ပလပ်စတစ်တင်ပို့မှု ရပ်ဆိုင်းလိုက်တဲ့အတွက် အင်္ဂလန်အတွက် အခက်အခဲတစ်ခုဖြစ်သွားစေပြီး သူ့အနေနဲ့ တစ်ခြားနည်းလမ်းကိုစဉ်းစားရတော့မှာပါ။ အင်္ဂလန်အနေနဲ့ လုပ်ဆောင်နိုင်တာတစ်ခုကတော့ ပလပ်စတစ်တွေကိုမီးရှို့ပစ်လိုက်ဖို့ဖြစ်ပေမယ့် အများစုကစိုးရိမ်ကြတာကတော့ သမုဒ္ဒရာကရေနေသတ္တဝါနဲ့ ငှက်တွေကို အန္တာရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့အချက်ပါပဲ။

Published
Categorized as News

Leave a comment

Your email address will not be published.