တရုတ်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခု

ဘီစီ ၂၁၀ လောက်မှာ အသက်၄၉နှစ်အရွယ် ဧကရာဇ်ချင်းရှာဟွာဟွန် မကွယ်လွန်မီမှာ နိုင်ငံတစ်ဝမ်းလုံးကို မသေဆေးရှာဖွေဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒေသခံအစိုးရတွေက မရှာဖွေနိုင်ခဲ့ပါဘူး။ ထိုခေတ်အခါက စာရွက်တွေ မရှိသေးသည့်အတွက် ဝါးချပ်တွေပေါ်မှာ ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။

အဆိုပါဝါးချပ်တွေကို သုတေသီတွေက ဟူနန်ခရိုင်မှာရှိတဲ့ ရေတွင်းတစ်ခုရဲ့ အောက်ခြေကနေ ၂၀၀၂ခုနှစ်က ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ဒီရာဇဝင်ကို သိခဲ့ရတာဖြစ်ပါတယ်။

ရှေးဟောင်းသုတေသန သမိုင်းမှာ အရမ်းကိုအရေးပါပြီး လူသိများတဲ့ ချင်းရှာဟွာဟွန်၏ မြေသားဖြင့် ပြုလုပ်ထားတဲ့ စစ်သည်ရုပ် ၈သောင်းကျော်နှင့် မြင်းရုပ်တွေကို ၁၉၇၀ကျော်တုန်းက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *