တရုတ်တွင် ပါမောက္ခတစ်ယောက်မှ ကျောင်းသူတစ်ဦးကို စော်ကားခဲ့ပြီးနောက် #Me too လှုပ်ရှားမှု စတင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ နာမည်ကြီး ဘေ့ဟိုင်း တက္ကသိုလ်မှ ပါရဂူဘွဲ့ရတစ်ယောက်ဖြစ်တဲ့ လိုရှီရှီလို့ ခေါ်တဲ့ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ၁၂နှစ် သူမပညာသင်ခဲ့စဉ်ကာလက သူ့ပါမောက္ခ တစ်ယောက်ရဲ့ မတော်မတရားပြုတာ ခံခဲ့ရကြောင်းကို တရုတ်ရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ ဝေဘိုမှာ တင်ခဲ့ပြီး ထို အတွေ့အကြုံဟာ အခုထိ ခြောက်လှန့်နေတုန်းပဲလို့ ပြောကြားခဲ့ပါတယ်။ သူမရဲ့ ပိုစ့်ဟာ တစ်ရက်အတွင်းမှာ ကြည့်ရှုသူ သုံးသန်းကျော်သွားခဲ့ပါတယ်။

ထို့ကြောင့် တရုတ်မှာ ဒီနှစ်ကူးကစလို့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုက ဆန့်ကျင်တဲ့ #Me too လှုပ်ရှားမှုစတင်လာပြီးလို့ ပြောလို့ရပါတယ်။ လိင်ပိုင်ဆိုင်ရာနှောက်ယှက်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေကလည်း တောမီးလောင်သလို တဟုတ်ထိုး ပြန့်ပွားသွားပါတယ်။

ဒီလိုဖြစ်ပြီးနောက် ဘေ့ဟိုင်းတက္ကသိုလ်က ချက်ချင်းဆိုသလို စွပ်စွဲခံရတဲ့ ပါမောက္ခကို ရာထူးမှ ချပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ပါမောက္ခကတော့ စွပ်စွဲချက်တွေအားလုံးကို ငြင်းဆန်နေပါတယ်။

ကမ္ဘာတစ်လွှားမှာ သန်းချီတဲ့ အမျိုးသား၊ အမျိုးသမီးတွေက ဒီလို လိင်ကျူးလွန်စော်ကားမှုတွေကို ဖော်ထုတ်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လာကြပေမယ့် တရုတ်မှာတော့ ခေတ်မစားသေးပါဘူး။ တရုတ်မှာ ရှိတဲ့ မဝါဒီတွေက မစ္စလိုရဲ့ လှုပ်ရှားမှုကို အခြေခံယူပြီး လုပ်ချင်ကြပေမယ့် ကွဲပြားမှုတွေရှိနေတာဖြစ်ပါတယ်။

မစ္စလိုဟာ ဒီအမှုကို ကိုင်သွယ်ရန် သေချာပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒီပါမောက္ခ စော်ကားတာကို ခံခဲ့ရတဲ့ အမျိုးသမီးတွေကို ဆက်သွယ်ပြီး အချက်အလက်တွေ စုဆောင်းကာ တက္ကသိုလ်သို့ တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အသံသွင်းယူမှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ တက္ကသိုလ်မှ ဒီပါမောက္ခကို ရာထူးချဖို့ ဆုံးဖြတ်လိုက်ပြီးတော့မှာ နောက်ဆုံးအဆင့်အနေဖြင့် လူမှုကွန်ယှက်ပေါ်ကို တင်ခဲ့တာဖြစ်တယ်လို့ ဘေဂျင်းက လိင်အကြမ်းဖက်မှု ကာကွယ်ရေး အန်ဂျီအိုအဖွဲ့တစ်ခုရဲ့ ပြောပြချက်အရသိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *