တရုတ်နိုင်ငံက ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတားကြီး ဖွင့်လှစ်တော့မယ်

တရုတ်နိုင်ငံဟာ လာမယ့်ဆယ်စုနှစ်အတွင်းမှာတိုးပွားလာမယ့် လူဦးရေသန်း၂၅၀အတွက် ဧရာမမြိုတော်တွေ၊ စီမံကိန်း ကြီးတွေကို အကောင်အထည်ဖေါ်နေရပါတယ်။ ဒီလူဦးရေဟာ နယူးယောက်လူဦးရေရဲ့ ၂၉ ဆရှိပါတယ်။ ဒီလိုစီမံကိန်း ကြီးတွေနဲ့အတူ အခြေခံလိုအပ်ချက် တွေဖြစ်တဲ့ လမ်းတံတားတွေကိုလည်း ဖေါက်လုပ်နေ ရပါတယ်။  ဒီလထဲမှာတော့ ဒီလိုမီဂါ စီမံကိန်းတွေထဲက တစ်ခုဖြစ်တဲ့ ဟောင်ကောင်၊မကာအိုနဲ့ တရုတ်ပြည်မကြီး တောင်ပိုင်းမြို့တော် ဂျူဟိုင်းမြို့တို့ကို ပင်လယ်ဖြတ်ပြီးဆက်သွယ်ထားတဲ့ ၃၄မိုင်အရှည်ရှိ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ဖြတ်ကူးတံတားကြီး ကို ဖွင့်လှစ် တော့မှာဖြစ်ပါတယ်လို့AFPသတင်းအရသိရပါတယ်။
ဒီတံတားကြောင့် ခရီးစဉ်ကို နာရီဝက်သက်သာစေမယ်လို့ဆိုပါတယ်။ခရီးသွားတွေဟာ ပုလဲမြစ်ဝကို ဖြတ်ပြီး မကာအို ကနေဟောင်ကောင်ကို တစ်နာရီနဲ့အရောက် သွားနိုင်ကြတော့မှာ ဖြစ်ပါတယ်။တံတားကြီးဟာ ခြောက်လမ်းသွား ဖြစ်ပြီး လှိုင်ခေါင်း၄ခုပါဝင်တဲ့အနက်တစ်ခုဟာပင်လယ်ရေအောက်မှာဖြစ်ပါတယ်။ ဒီတံတားကြီး တည်ဆောက် နိုင်ဖို့အတွက် ပင်လယ်ထဲမှာ ကျွန်း၄ခုကို လူတွေဖန်တီး တည်ဆောက်ခဲ့ရပါတယ်။ အင်ဂျင်နီယာ အတတ်ပညာပိုင်းအရ အံ့သြစရာကတော့ ဒီတံတားမှာ သံမဏိတန်ချိန်ပေါင်း ၄၂၀၀၀၀ ကိုသုံးခဲ့ရပါ တယ်။ဒီပမာဏဟာပြင်သစ်ကအီဖယ်မျှော်စင်ပေါင်း၆၀စာနဲ့ညီမျှပါတယ်။တစ်ချို့နေရာတွေမှာခပ်စောင်းစောင်းလေးဖြစ်အောင်တည်ဆောက်ခဲ့ရပါတယ်။ ဒီတံတားကို ၁၀မိနစ်တစ်စီးသွားနေတဲ့ လွန်းပျံယဉ်တွေအပါအဝင် မော်တော်ယဉ်ပေါင်း တစ်နေ့မှာ ၄၀၀၀၀ လောက် အထိဖြတ်သန်းသွားမယ်လို့မျှော်လင့်ထားပါတယ်။ခြေလျင်လျှောက်သူတွေနဲ့ မော်တော်ဆိုင်ကယ်တွေကိုတော့ ဖြတ် သန်းခွင့်ပြုမှာမဟုတ်ပါဘူး။တံတားရဲ့သက်တမ်းဟာနှစ်၁၂၀ခံမယ်လို့သိရပါတယ်။ တံတားရဲ့ကုန်ကျစရိတ်ကို အတိအကျမသိရပေမယ့် ဒေသခံသတင်းတွေအရ ၁၅ ဘီလီယမ်လောက် ကုန်ကျမယ်လို့ ဆိုပါတယ်။ဒီတံတားဟာ ကုန်ကျစရိတ်များတဲ့အပြင် အချိန်ကြံကြာမှု၊၊ အကျင့်ပျက် ခြစားမှုနဲ့ အလုပ်သမား လုံခြုံရေး ကိစ္စတွေကြောင့်ဝေဖန်မှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ အလုပ်သမား ၂ဦးသေဆုံးခဲ့ပြီး ၁၉ ယောက်က ဘိလပ်မြေစမ်းသပ်ချက်မှတ်တမ်းတွေ အမှားအယွင်း ကြောင့် တရား စွဲဆိုခံထားရပါတယ်။ဆောက်လုပ်မှုကာလက၇နှစ်ကြာခဲ့ပါတယ်။ အောက်ပုံကတော့ ဟောင်ကောင်က လန်တောင်ကျွန်းအနီးမှာ ၂၀၁၂ မှာ တည်ဆောက်ခဲ့တဲ့ ကျွန်းတု ၂ ခုဖြစ်ပါ တယ်။
တရုတ်ဟာ ၂၀၁၁ ခုနှစ်က ယခုကမ္ဘာ့ဒုတိအကြီးဆုံးဖြစ်သွားတဲ့ ၂၆.၃ မိုင်ရှည် တံတားကြီးကိုလည်း ၁.၅ ဘီလီယမ်အကုန်ခံပြီး ဖေါက်လုပ်ခဲ့ပြီဖြစ်ပါတယ်။ အရှေ့ဘက်ပင်လယ်ကမ်းခြေမြို့ Qingdao နဲ့ Huangdao ကို ဆက်သွယ်ထားတဲ့တံတားကြီးဖြစ်ပါတယ်။
ဒီတံတားသစ်ကြီးဟာ တရုတ်ပြည်ရဲ့ ဒုတိယအကြီးဆုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းကြီးဖြစ်ပြီး ကျန်တစ်ခုကတော့ ၂၀၁၉  ခုနှစ်တွင်အမြန်ရထားလမ်းပိုင်းမိုင်၂၁၈၀အထိတိုးချဲ့မယ့်စီမံကိန်းကြီးဖြစ်ပါတယ်။

Ref: Business Insider

Leave a comment

Your email address will not be published.