တရုတ်နိုင်ငံတွင် ကလေးငယ်တစ်ဦး လေးထပ်အဆောက်အဦး အရေးပေါ်လှေကားတွင် ဦးခေါင်းညှပ်ပြီး တွဲလောင်းကျ

အောက်တိုဘာလ (၇)ရက်ညနေတွင် တရုတ်နိုင်ငံ၊ Linyi မြို့ရှိ လေးထပ်အဆောက်အဦးပေါ်တွင် နေထိုင်သော အသက် ၄ နှစ်အရွယ်ရှိ ကလေးငယ်လေးဟာ အဖိုးအိပ်ပျော်နေစဉ် တစ်ယောက်တည်းကစားနေရာမှ အိမ် နောက်ရှိ အရေးပေါ်လှေကားတွင် ထူးဆန်းစွာဖြင့် ဦးခေါင်းပဲညှပ်ပြီးကျန်ခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံး တွဲလောင်း ကျနေခဲ့ပါတယ်။ ကလေး၏ အဖိုးဖြစ်သူက အိပ်နေရင်း ကလေး၏ငိုသံကိုကြားပြီး အိပ်ရာမှနိုးကာ မီးသတ်ကို ဖုန်း ဆက် အကူအညီတောင်းခဲ့ပါတယ်။

မီးသတ်အဖွဲ့များက မတော်တဆပြုတ်ကျလာခဲ့လျှင်လည်း အဆင်ပြေစေရန်အတွက် ကြိုးများဖြင့် ကလေး၏ခါးကို ချည်ကာ အောက်တွင်အသင့်အနေအထားနဲ့ စောင့်နေပါတယ်။ ထို့နောက် သံတိုင်များကို ချဲ့ဖို့ရန်အတွက် စက်များကို အသုံးပြုပြီး ကလေးကိုကယ်တင်ခဲ့တယ်လို့ သိရှိရပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *