တရုတ်နိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာ

ကမ္ဘာမှာ နည်းပညာအဖွံ့ဖြိုးဆုံး နိုင်ငံထဲမှာ တရုတ်လည်း ပါပါတယ်။ အခုဆို ထိပ်တန်းနည်းပညာဖွံ့ဖြိုးမှုထဲမှာ ပထမနေရာတောင် ပြောလို့ရပါတယ်။ နည်းပညာဖွံ့ဖြိုးလာမှုနဲ့အတူ အစိုးရက လူတွေကိုထိန်းချုပ်မှုလည်း များပါတယ်။ အားလုံးသိတဲ့အတိုင်း တရုတ်နိုင်ငံမှာ အင်တာနက် မလွတ်လပ်ခွင့်က တော်တော်လေး ဆိုးရွားပါတယ်။ Google, Instagram နဲ့ Facebook တို့ကို တရုတ်မှာ အစိုးရက ban ထားပြီး သုံးချင်ရင် VPN (Virtual Private Network) နဲ့ သုံးရပါတယ်။ အစိုးရက တရားဝင်ခွင့်ပြုထားခြင်း မဟုတ်ပေမယ့်လည်း လူအနည်းစု တစ်ယောက်စ နှစ်ယောက်စကိုတော့ မျက်လုံးမှိတ်ထားပေးပါတယ်။ Company ကြီးတွေအနေနဲ့ သုံးရင်တော့ အစိုးရက အမြဲစောင့်ကြည့်နေပါတယ်။

Shenzhen မြို့က တရုတ်ပြည်မှာ နည်းပညာအဖွံ့ဖြိုးဆုံးမြို့ဖြစ်ပြီး အီလက်ထရောနစ်နဲ့ ပက်သတ်တဲ့ ပစ္စည်း မူလီတစ်ချောင်းကအစ အကုန်ရနိုင်ပါတယ်။ Shenzhen မြို့မှာ အီလက်ထရောနစ် အစုံရတဲ့ကုန်တိုက်တစ်ခု ရှိပါတယ်။ ဥပမာ စာဖတ်သူက iPad screen ကွဲသွားတယ်ဆိုပါစို့၊ ဒါမှမဟုတ် အတွင်းက မူလီ တစ်လုံးပျောက်သွားတယ်ဆိုပါစို့။ မူလီလေးတစ်လုံးက အစ ကုန်တိုက်မှာ ဝယ်လို့ရပါတယ်။ ဒီလိုရနိုင်တဲ့ အကြောင်းရင်းက အဖြေရှိပါတယ်။ တစ်ကမ္ဘာလုံးက ဖုန်းတွေ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ကွန်ပျူတာတွေကိုထုတ်တဲ့ စက်ရုံတွေက Shenzhen မှာ ရှိလို့ပါပဲ။ နိုင်ငံခြားနည်းပညာ ကုမ္ပဏီတွေ စုနေတဲ့နေရာဆိုလည်း မမှားပါဘူး။

Shenzhen ရဲ့တိုးတက်မှုက ဘယ်လောက်တောင် ကြီးလဲဆိုရင် လမ်းဘေးမှာ တောင်းစားတဲ့ သူတောင်းစားကအစ ပိုက်ဆံထည့်ချင်ရင် QR Code ကို scan ဖတ်ပြီး ပိုက်ဆံထည့်လို့ရပါတယ်။ တရုတ်ပြည်မှာ ပိုက်ဆံကို Card တွေနဲ့ သုံးတဲ့အဆင့်ထက် ကျော်လွန်ပြီး ဖုန်းနဲ့တင်ငွေပေးချေလို့ရတဲ့ စနစ်တွေကို သုံးနေကြပါပြီ။ Wechat Pay နဲ့ Alipay က တရုတ်ရဲ့ အကြီးမားဆုံး အီလက်ထရောနစ် ငွေပေးချေမှု company နှစ်ခုဖြစ်ပါတယ်။ အပြင်သွားတဲ့အခါ ဖုန်းတစ်လုံးရှိရုံနဲ့ ပိုက်ဆံအိတ်ယူသွားစရာမလိုပဲ အရာအားလုံးကို သင်လုပ်နိုင်မှာပါ။ လူတွေရဲ့နေထိုင်သွားလာမှုကအစ ငွေကြေးဆိုင်ရာ အရာအားလုံးကိုပါ တရုတ်အစိုးရက ထိန်းချုပ်ထားချင်ပါတယ်။ ဥပမာ သင် ကားပါကင်ကို အချိန်ပိုရပ်ထားခြင်းကြောင့် ဒဏ်ငွေဆောင်ရမယ် ဆိုပါစို့။ သင်ကိုယ်တိုင်တောင် မသိလိုက်ပဲ သင့် acc က ပိုက်ဆံကို အလိုအလျောက် နှုတ်သွားမှာဖြစ်တယ်။

လူနေမှု အဆင့်အတန်းက အရမ်းတိုးတက်ပြီးနည်းပညာတွေ တိုးတက်လာတဲ့အခါမှာ စားသောက်ဆိုင်ကအစ လူမထားပဲ စက်ရုပ်တွေကို စေခိုင်းပါတယ်။ သင်မှာတဲ့ အစားအစာကို သွားဝယ်တဲ့အခါမှာ စက်ရုပ်က သင့်ကို ဝန်ဆောင်မှုပေးပါတယ်။ ငွေပေးချေတဲ့အခါမှာတော့ အပေါ်က ပြောတဲ့အတိုင်း ဖုန်းနဲ့ scan ဖတ်ပြီး ပေးချေလို့ရပါတယ်။ ဒီလိုတိုးတက်တဲ့နည်းပညာတွေက အမေရိကန်မှာတောင် ရှိနေပေမယ့် တွင်တွင်ကျယ်ကျယ် မသုံးကြသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံက ကမ္ဘာနဲ့ အဆက်ဖြတ်ပြီး ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုနဲ့ လည်ပတ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဆိုလိုတာက အင်တာနက်ကို တစ်ကယ်တမ်းသုံးနေရပေမယ့် တစ်ကယ်တမ်းလူတိုင်း သုံးလို့ရတဲ့ Google, Facebook, Instagram နဲ့ အခြား product မြောက်များစွာကို လွတ်လွတ်လပ်လပ်သုံးခွင့် မရကြပါဘူး။ တရုတ်နိုင်ငံရဲ့ အင်တာနက် လွတ်လပ်ခွင့်ကတော့ နောက်ထပ်တက်မယ့် အစိုးရအသစ်တွေကို စောင့်ကြည့်ရမှာဖြစ်တယ်။

Leave a comment

Your email address will not be published. Required fields are marked *