တရုတ်နိုင်ငံဘေဂျင်းမြို့ရှိ ပြောင်းရွှေ့အလုပ်သမားများကိုနှင်ထုတ်

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မီးလောက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီမီးကြောင့် လူ၁၉ယောက် သေဆုံးခဲ့ရပါတယ်။ အဆိုပါမီးလောင်မှုဖြစ်ပွားပြီးသည့်နောက်မှာ မြူနီစပယ် အာဏာပိုင်တွေက လုံခြုံရေးနှင့် အန္တာရယ်ကင်းရေး ဆိုင်ရာစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

အဆိုပါစစ်ဆေးမှုတွင် ဘေဂျင်းမြို့တော်ရှိ အဆင်းရဲဆုံးလူတွေ နေထိုင်ရာရပ်ကွက်ကို ပစ်မှတ်ထားပြီး အန္တာရယ်ရှိနိုင်သည့် တရာမဝင်အဆောက်အဦတွေမှ လူများကိုနှင်ထုတ်ခဲ့ပြီး တချို့အဆောက်အဦကို ဖြိုချဖျက်ဆီးခဲ့ပါတယ်။ အဲဒီလူအများစုဟာ ပြောင်းရွှေ့အလုပ်သမားတွေဖြစ်ကြတယ်လို့ သိရပါတယ်။ တချို့သော ပြောင်းရွှေ့အလုပ်သမားများဟာ မိနစ်ပိုင်းအတွင်း သတိပေးပြီး နှင်ထုတ်ခံရသည် အထိဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သို့သော် မြို့တော် အာဏာပိုင်အရာရှိတွေကတော့ ဒီစွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးဟု ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *