တရုတ်နိုင်ငံHubei မူလတန်းကျောင်းရှေ့တွင် အကြမ်းဖက်မှုဖြစ်ပွားရာ ကျောင်းသား (၈)ဦး သေဆုံး

တရုတ်နိုင်ငံအလယ်မှ Hubeiဒေသရှိမူလတန်းကျောင်းတစ်ကျောင်းရှေ့တွင်နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်း ပြန်ဖွင့်တဲ့ ပထမဦးဆုံးနေ့ စက်တင်ဘာလ (၂)ရက် အင်္ဂါနေ့တွင် အကြမ်းဖက်မှုဖြစ်ပွားခဲ့သောကြောင့် ကျောင်းသား (၈)ဦး သေဆုံးခဲ့ရပါတယ်။

အခင်းဖြစ်ပြီးမှာ ရဲများက အသက် (၄၀)အရွယ် တရားခံကိုဖမ်းဆီးခဲ့သော်လည်း ကျောင်းသားများကို ဘယ်လိုသတ် သွားကြောင်း အဘယ်ကြောင့် သတ်သွားကြောင်းကိုတော့ အသေးစိတ် ထုတ်ပြန်ပြောကြားသွားခြင်းမရှိပါဘူး။ သေဆုံး သွားသော ကျောင်းသားများ၏ အသက်အရွယ်ကိုလည်း ထုတ်ဖော်ပြောကြားသွားခြင်းမရှိသော်လည်း မူလတန်းကျောင်း ထဲရှိ ကျောင်းသားများကတော့ အသက် (၆)နှစ်မှ (၁၃)နှစ်ကြား ကလေးများဖြစ်တယ်ဆိုတာတော့ သိရှိရပါ တယ်။

ယခုအခင်းဖြစ်ပွားတဲ့ ဒေသဟာ အခုလိုပဲ စာသင်ကျောင်းများကို အကြမ်းဖက်မှုဖြစ်ပွားနေကျဒေသတစ်ခုဖြစ်ပါတယ်။ ပြီး ခဲ့တဲ့နှစ် ဧပြီလကလည်း Shaanxi ဒေသရှိ အလယ်တန်းကျောင်းတွင် ဓားထိုးမှုကြောင့် ကျောင်းသား (၉)ဦးသေ ဆုံးခဲ့ပါတယ်။ ထို့အပြင် ဂျန်နဝါရီလကလည်း Guangxi ဒေသတောင်ပိုင်းရှိ မူကြိုကျောင်းတွင် မီးဖိုချောင်သုံး ဓားဖြင့်ထိုး မှုဖြစ်ပွားရာ ကလေး (၄)ဦး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ယခုအခါမှာ တရုတ်ရဲများဟာ ဒိုင်းအကာ၊ ကျည် ကာအင်္ကျီ၊ ဒုတ်၊ ဦးထုပ် အစရှိတဲ့ ရဲအသုံးအဆောင် အပြည့်ဖြင့်ကျောင်းများ၏ အဝင်အ၀ ဂိတ်များတွင် စောင့်ကြပ်ပေး နေရပြီ ဖြစ်တယ်လို့ သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published.