တရုတ်နဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကုမ္ပဏီကြီးများ၏ ရှယ်ယာဈေးများ ကျဆင်း

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေကြတဲ့ ပြဿနာများကြောင့် ဩဂုတ်လ ၁၂ရက် တနင်္လာနေ့တွင် အမေရိကန်စတော့ ဈေးများ ထိုးကျခဲ့ပါတယ်။ ဒါ့အပြင် US နဲ့ တရုတ်တို့အကြားဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့  စီပွားရေး ဟာလည်း အရှုံးပေါ်တဲ့အနေအထားကို ရောက်ရှိလာတော့မှာဖြစ်ကြောင်း ပညာရှင်များက ပြောကြားခဲ့ပါတယ်။

အမေရိကန် ဈေးကွက်ကို ကစားနေတဲ့ ကုမ္ပဏီထဲတွင် အင်အားအကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ S&P 500 ရဲ့စတော့ ဈေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးအပတ်ကစလို့ ၄%လောက် အထိကျဆင်းလာတာဖြစ်ပါတယ်။ Nevada ပြည်နယ်၊ Zephyr Cove မြို့အခြေစိုက် Informa Financial Intelligence ရှိ ဈေးကွက်ဗျူဟာပညာရှင်ဖြစ်သူ Ryan Nauman က လာမယ့် ၂၀၂၀ခုနှစ်အထိ ကမ္ဘာ့ကုန်သွယ်ရေး စစ်ပွဲဟာ ရပ်တန့်မှာမဟုတ်တဲ့အတွက် ကမ္ဘာ့ စီပွားရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ရတဲ့ အခြေအနေမှာရှိနေပြီးဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။

10:54 a.m. ET အချိန်တွင် Dow Jones ကုမ္ပဏီဟာ ပျမ်းမျှအားဖြင့် 26,089.13 မှ 0.75% ဖြစ်တဲ့ 198.31 points အထိရှယ်ယာဈေးကျခဲ့ပြီး S&P 500 က 2,899.70 မှ 0.65% ဖြစ်တဲ့ 18.95 points အထိကျဆင်းခဲ့ကာ Nasdaq Composite ကတော့ 7,908.00 မှ 0.64% ဖြစ်တဲ့ 51.14 points အထိကျဆင်းခဲ့ရပါတယ်။ ထို့အပြင် S&P ရဲ့ အဓိက အစိတ်ပိုင်း (၁၁)ခုမှာ (၁၀)ခုဟာ အနီရောင်အဆင့်မှာ တည်ရှိနေလို့ ကုမ္ပဏီဟာ လုံးဝအရှုံးပေါ်နေပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်ပဲ Microsoft နှင့် Amazon.com တို့ကလည်း တစ်ဦးကို 0.6% လောက် ရှယ်ယာကျဆင်းခဲ့သဖြင့် S&P 500 အတွက် အလွန်ကိုအခက်တွေ့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Viacom Inc ရဲ့ ရှယ်ယာသည်လည်း 3.6% အထိကျဆင်းခဲ့သဖြင့် ဩဂုတ်လ (၉)ရက် သောကြာနေ့က သူ့ရဲ့ နေ့ဆုံးအပိတ်စျေးကို လျော့ချလိုက်ကာ နောက်ဆုံးအဆင့်အဖြစ် CBS နှင့် ပူပေါင်းလိုက်ရပါတယ်။

Source : Reuters News

Leave a comment

Your email address will not be published. Required fields are marked *