တရုတ်နှစ်ကူးမှာ ဘာကြောင့် အန်ပေါင်းပေးတာလဲ? ဘာကြောင့် တီကွေ့မုန့် စားကြတာလဲ?

တရုတ်နှစ်ကူးချိန် အန်ပေါင်းဘာလို့ပေးတာလဲ?

တရုတ်လူမျိုးတွေ တရုတ်နှစ်ကူးရင် ပိုက်ဆံကို အနီရောင်စာအိတ်ထဲထည့်ပြီး အဘိုး အဘွား အဖေ အမေ တွေက သားသမီးတွေ မြေးတွေကိုပေး၊ တရုတ်သူဌေးတွေက
ဝန်ထမ်းတွေကိုပေးတဲ့ အနီရောင် အထုတ်လေး ရသူတိုင်း ဝမ်းသာကြတယ်လေ။ မုန့်ဖိုးရတဲ့သူဘောမျိုးပေါ့။ အန်ပေါင်းပေးတာဟာလည်း တရုတ်နှစ်ကူးချိန် လုပ်ရတဲ့
ရိုးရာဓလေ့တစ်ခုပါ။

အန်ပေါင်းကို တရုတ်လို အနီရောက်အထုတ်လေး hongbao ဟုန်ပေါင်းလို့ ခေါ်ပါတယ်။ အန်ပေါင်းပေးတော့မယ်ဆိုရင် ငွေထည့်ပေးတဲ့ အနီရောင် စာအိတ်လေးတွေကလည်း
တရုတ်လို ဆုတောင်းစာ အမျိုးမျိုးနဲ့ ဒီဇိုင်းလှလှလေးတွေ ရွေးပြီးဝယ်နိုင်ပါတယ်။
ပိုက်ဆံထည့်ထားတဲ့ အနီရောင်စာအိတ် အန်ပေါင်းပေးရတဲ့ အဓိပ္ပါယ်က ပေးသူဘက်မှ အနီရောင် စာအိတ်ထဲမှငွေကို လက်ခံရရှိသူသည် ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်း၊ ဘဝရှင်သန်ဖို့
အားပိုပြည့်ပါစေလို့ ဆိုတောင်းပေးလိုက်တဲ့သဘောနဲ့ ပေးခြင်းဖြစ်သည်။ အနီရောင်စာအိတ် ထဲကငွေသည် ရရှိသူ မိမိအတွက် ကံကောင်းမှု၊ ပျော်ရွှင်မှုကို သယ်ဆောင်
လာပေးခြင်းဖြစ်ပါတယ်။

အန်ပေါင်းကို အိမ်ထောင်မပြုရသေးသောသူများက မပေးရပါဘူး။ အိမ်ထောင်ပြုပြီးသူများကသာ အိမ်ထောင်မပြုရသေးသူများကို ပေးလို့ရတာပါ။ အိမ်ထောင်မပြုရသေး
သူ (single) ဖြစ်ပါက အန်ပေါင်းလိုက်တောင်းရမည့်သူသာ ဖြစ်ပါတယ်။ အိမ်ထောင်မရှိသေးသူများ အန်ပေါင်းလိုက်တောင်းကြပါလို့….။

တရုတ်နှစ်ကူးမှာ တီကွေ့မုန့် ဘာလို့စားတာလဲ

တစ်ရုတ်နှစ်ကူးချိန်မှာ တရုတ်လူမျိုးများသည် တီကွေ့လို့ခေါ်တဲ့မုန့်ကို မဖြစ်မနေ စားလေ့ရှိကြပါသည်။ တခြားသူများကိုလည်း လက်ဆောင်အဖြစ် ပေးကြပါတယ်။
တီကွေ့မုန့်ကို နှစ်ကူးမုန့်ဟုလည်း ခေါ်နိုင်ပါသည်။ တစ်ချို့ မြန်မာလူမျိုးများကတော့ တီကွေ့ကို စားကြည့်ပြီး အီတဲ့အတွက်ကြောင့် အီကွေ့ဟု ပြောင်းခေါ်ကြပါတယ်။

တီကွေ့မုန့်မှာ အဖြူနှင့် အညို နှစ်မျိုးရှိပါတယ်။ အဖြူက သကြားနဲ့ လုပ်ထားပြီး အညိုက ထန်းလျက်နဲ့ လုပ်ထားတာဖြစ်ပါတယ်။ မုန့်သားက ပျော့ပါတယ်။
တီကွေ့ကို တရုတ်လို Nian Gao (နျန်းကောင်း) ဟုခေါ်ပါတယ်။ ၎င်းအသံထွက်နှင့် ဆင်တူ သည့် နှစ်တိုင်း နှစ်တိုင်း မြှင့်တက်ဆိုတဲ့ နောက်ဝေါဟာရတစ်ခုရှိသေးပါတယ်။
ဒီဆင်တူ ဝေါဟာရ၏ အဓိပ္ပါယ်ကို ယူ၍ တီကွေ့မုန့်ကို စားခြင်းဖြစ်သည်။

တရုတ်လူမျိုးများ၏ တီကွေ့မုန့်စားခြင်းအဓိပ္ပါယ်မှာ စားသည့်လူတိုင်းမှာ နှစ်တိုင်းနှစ်တိုင်း အလုပ်အကိုင် နှင့် ဘဝအောင်မြင်တိုးတက် မြင့်မားလာသည်ဟု ယူဆသောကြောင့် ဖြစ်ပါတယ်။
တီကွေ့ကို တခြားအချိန်များတွင် ဝယ်စားရန်ခက်ပါတယ်။ တီကွေ့မုန့်ဟာ တရုတ်နှစ်သစ်ကူးချိန်ရဲ့ တစ်လအလိုလောက်မှ ပေါ်လာတက်တဲ့ မုန့်မျိုးဖြစ်ပါတယ်။ ရန်ကုန်တရုတ်တန်းမှာတော့ တစ်ခုကို ၃၀၀ ကျပ်လောက်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

တီကွေ့မုန့်လုပ်ခြင်းဆိုင်ရာ တရုတ်လူမျိုးတို့၏အယူအဆ
အိမ်တွင် တီကွေ့မုန့်လုပ်ပါက မုန့်ကိုအနေတော်အချိန်တွင် ချရမည်။ မုန့်မှာအနေတော်မဖြစ်ဘဲ တအားမာတောက်ကာ စားမရဖြစ်သွားပါက မုန့်ပျက်သည်ဟု
ခေါ်သည်။ အကယ်၍ မုန့်မှာ မမာဘဲ တအားပျော့ပြဲသွားပါက မုန့်ပျက်သည်ဟု ခေါ်သည်။ ဘယ်လိုဖြစ်ဖြစ် မုန့်ပျက်သွားသည့် အနေအထားဖြစ်သွားပါက
ထိုနှစ်သစ် တစ်နှစ်လုံး စီးပွားပျက်တက်သည်ဟူ၍ တရုတ်လူမျိုးတို့၏ အယူအဆရှိပါသည်။

Leave a comment

Your email address will not be published. Required fields are marked *