တရုတ်ပြည်မှာ တားမြစ်ခြင်းခံလိုက်ရတဲ့ “Devotion” Game

“Devotion” ဆိုတာ ဂိမ်းနာမည်ဖြစ်ပြီး ထိုင်ဝမ်က ထုတ်တဲ့ Game တစ်ခုဖြစ်ပါတယ်။ Devotion game က​ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဆော့ရတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး တရုတ်ပြည်က gamers တော်တော်များများက မကျေနပ် ဖြစ်နေကြပါတယ်။ အကြောင်းရင်းကတော့ ဒီ game ထဲမှာ တရုတ်ပြည်ရဲ့ သမ္မတ Xi Jinping ကို လှောင်ပြောင်ထားတဲ့ ပုံမျိုး ပါဝင်လာလို့ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အမေရိကန်ကာတွန်းဖြစ်တဲ့ Winnie the Pooh ကာတွန်းဇာတ်ကောင်ကို အင်တာနက်တစ်ခွင်မှာ Xi Jinping ပုံနဲ့ တူတူနှိုင်းယှဉ်တာကြောင့် တရုတ်ပြည်မှာ ဒီနေ့အထိ Winnie the Pooh ကာတွန်းဇာတ်ကောင်နဲ့ ပတ်သတ်တဲ့ ပုံ၊ ဗီဒီရိုတွေကို တားမြစ်ထားပါတယ်။ တရုတ်ပြည်က ကမ္ဘာမှာ နိုင်ငံရေးအတင်းကြပ်ဆုံးနိုင်ငံဖြစ်ပြီး စီးပွားရေးအတောင့်တင်းဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သတ်လာရင်တော့ အသေးအမွှားလေးကအစ ဂရုစိုက်ပြီး တင်းကြပ်တာဖြစ်ပါတယ်။​

ထိုင်ဝမ်က ထုတ်လိုက်တဲ့ Devotion Game မှာ Xi Jinping ကို Pooh ကာတွန်းဇာတ်ကောင်နဲ့ နှိုင်းယှဉ်တဲ့ ပုံမျိုးပါဝင်တာကြောင့် တာဝန်ရှိသူတွေက Devotion game ကို တားမြစ်လိုက်ပါတယ်။ ဂိမ်းထဲမှာပါဝင်တဲ့ပုံက အတိအကျပုံမျိုးမဟုတ်ပဲ အကြောင်းအရာတွေသေချာသိတဲ့လူမှ သိနိုင်တာ ဖြစ်ပါတယ်။ တရုတ်ပြည်က gamers တော်တော်များများကလည်း ထိုင်ဝမ်က game company ကို ပြစ်တင်ရှုံ့ ချတဲ့ စာတွေရေးသားပို့ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် Game company ရဲ့ partners တွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ အကြောင်းရင်းကတော့ Game company ရဲ့ partners တွေက တရုတ်ပြည်က သူဌေးတွေ ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *