တရုတ်ပြည်မှာ ရှိတဲ့ Beijing မြို့က လေထုညစ်ညမ်းမှုကို ဘယ်လိုဖယ်ရှားခဲ့လဲ။

ဒီနေ့ ကမ္ဘာမှာ လေထုညစ်ညမ်းမှု အတိုင်းအတာက တော်တော်လေးကို ဆိုးရွားနေပါတယ်။ အထူးသဖြင့် ၂၀၁၃ ခုနှစ်လောက်က တရုတ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Beijing မြို့မှာ လူတွေကအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့အခါ သဲသဲကွဲကွဲမမြင်ရပါဘူး။ ဆောင်းတွင်းမှာ မြူတွေကျသလိုမျိုး ဖုန်မှုန့်တွေက လေထုမှာ ပျံ့နှံ့နေပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့က လေထုထဲမှာ အရမ်းပျံနှံ့တာကြောင့် လူတော်တော်များများက ကျန်းမာရေးထိခိုက်ပြီး ကလေးသူငယ်တွေလည်း သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုကာဗွန်ဒိုင်အောက်ဆိုဒ်​တွေ ထွက်လာတဲ့ အဓိကအရင်းမြစ်တွေက စက်ရုံတွေနဲ့ ကားတွေကတစ်ဆင့်ဖြစ်ပါတယ်။

 

ဒီလိုဖြစ်ရပ်တွေ ဖြစ်ပြီးနောက်ပိုင်းမှာ တရုတ်အစိုးရက ပြင်းပြင်းထန်ထန် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်လိုက်ပြီး မြို့အခြေခံ ဖွဲ့စည်းပုံစနစ်တွေပါ ပြောင်းလဲလိုက်ပါတယ်။ ဒီလိုပြောင်းလဲပြီး ငါးနှစ်လောက်အကြာမှာ Beijing မြို့က မြို့သူမြို့သားတွေက အပြာရောင်ကောင်းကင်ကို ကောင်းကောင်းပြန်မြင်ရပါတယ်။ ဘယ်လိုတွေပြောင်းလဲခဲ့လဲဆိုတော့

တရုတ်အစိုးရက Green Energy မှာ ရင်းနှီးမြှုပ်နှံမှုအများကြီး လုပ်လာခဲ့ပါတယ်။ အဓိက လျှပ်စစ်အသုံးပြုတဲ့နေရာမှာ solar ပြားတွေနဲ့ အစားထိုးလာပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးစနစ်မှာ အင်ဂျင်ကားတွေနေရာမှာ လျှပ်စစ်ကားတွေကို ထုတ်လာပါတယ်။ မြို့အနှံ့မှာ လျှပ်စစ်ကားတွေကို အလွယ်တကူအားသွင်းနိုင်အောင် power station တွေ မြို့အနှံ့တပ်ဆင်လာပါတယ်။

ဒါ့အပြင် လျှပ်စစ်ကားတွေကို ဝယ်ယူတဲ့နိုင်ငံသားတိုင်း အင်ဂျင်ကားထက်ပိုတဲ့ အကျိုးခံစားခွင့်တွေကိုပါ ပေးလာခဲ့ပါတယ်။ ဥပမာ အခွံသက်သာခွင့်တွေနဲ့ အခြားခံစားခွင့်တွေဖြစ်ပါတယ်။ အမေရိကန်က​ လျှပ်စစ်ကား company ဖြစ်တဲ့ Tesla နဲ့လည်း ပူးပေါင်းမှုတွေလုပ်ခဲ့ပါတယ်။ ဒီလိုတွေလုပ်လိုက်ခြင်းအားဖြင့် လေထုညစ်ညမ်းမှုက တစ်နေ့ထက်တစ်နေ့ တစ်နှစ်ထက်တစ်နှစ် လျော့ကျလာခဲ့ပြီး ဒီနှစ်မှာတော့ လေထုထဲမှာ မြူမှုန်တွေကို မမြင်ရတော့ပါဘူး။ မြို့က လုံး၀ကြီး လေထုညစ်ညမ်းမှုကြီး သန့်စင်သွားတာမဟုတ်ပေမယ့် အရင်နှစ်တွေထက် လေထုညစ်ညမ်းမှု လုံး၀သက်သာသွားတာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *