တရုတ်ပြည်ရဲ့ ပထမဆုံး 3D မှန်တံတား

ဖန်သားပြင်ပေါ်က ပြောင်မြောက်လှတဲ့ 3D လက်ရာတွေနဲ့ လူတွေရဲ့ အမြင်ကို ကပြောင်းကပြန်ဖြစ်စေတဲ့ တရုတ်ပြည်က မှန်တံတားတရုတ်ပြည်မှာ အရင်တုန်းကဖွင့်လှစ်လိုက်တဲ့ တံတားတွေမှာ ဘာပန်းချီလက်ရာမှ မပါပဲ ဗြောင် အနေနဲ့ပဲ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုမြင်တွေ့ရမှာကတော့ လူတွေရဲ့ အသက်ရှုသံမှားလောက်တဲ့ ကြမ်းပြင်ပေါ်က ပန်းချီလက်ရာနဲ့ မှန်တံတားပဲဖြစ်ပါတယ်။ အောက်ကိုဖောက်မြင်နေရတဲ့ ရွှန်ဝီမြို့က နာမည်ကျော်ကြားတဲ့ နစ်ဇီယာ အဝါရောင်မြစ်ဟာ သိပ်မကြာသေးခင်ကပဲ ဓါတ်ပုံကနေတစ်ထေရာတည်းကူးယူပြီး ၃၂၈ မီတာ ရှည်တဲ့ တံတားမှာ လူတွေရဲ့ အမြင်ကို ပြောင်းလဲစေတဲ့ 3D ပန်းချီ နဲ့တံတားကို ဖွင့်လှစ်လိုက်ပါတယ်။

တစ်ချို့သော အာရုံမှားစေတဲ့ ပုံရိပ်တွေက လူတွေကို တံတားရဲ့ ဘေးနားမှာ ရပ်ခိုင်းစေပြီး သူတို့ဟာ ချောက်ကမ်းပါးမှာ ရပ်နေပြီး ချွန်မြမြ ချောက်ကမ်းပါး အောက်မှာ ပြုတ်ကျတော့မလိုလို ခံစား ချက်ကို ပေးအောင် ဆွဲထားပါတယ်။

တံတားရဲ့ အခြားတစ်ဖက်က ရှင်းရှင်းလင်းလင်းဖြစ်နေတယ်လို့ ယူဆရမှာဖြစ်ပြီး တံတားပေါ် လာလည်တဲ့သူတွေကို အရင်လို ဗြောင်ကျကျ မှန်သက်သက်တံတားဆိုတဲ့ ခံစားမှုကို ပေးတော့မှာ မဟုတ်ပဲ ဓါတ်ပုံတွေရိုက်၊ selfie တွေလည်း ဆွဲလိုကောင်းတော့မှာပါ။

တရုတ်နိုင်ငံရဲ့ အဝါရောင်မြစ်ဟာ ကမ္ဘာ့ အရှည်ဆုံးမြစ်ဖြစ်ပြီး မွန်ဂိုလီးယား မြောက်ပိုင်းထဲကိုသာမက နိုင်ငံတော်တော်များများကိုလည်းဖြတ်သန်းစီးဆင်းပါတယ်။ တရုတ်ရဲ့ ဘိုးဘေးဘီဘင်တွေက အသက်ရှင်ဖို့အတွက် ဒီမြစ်ကို မှီခိုနေကြရတာဖြစ်ပြီး ၃၃၉၅ မိုင်ရှည်လျားကာ တရုတ်လူမျိုးတွေ ရဲ့ မွေးဖွားရာနေရာ အဖြစ်လည်း သတ်မှတ်ကြပါတယ်။

Source: Mashable

Leave a comment

Your email address will not be published. Required fields are marked *