တရုတ်ပြိုင်ကားလောကမှာ နာမည်ကြီးတဲ့ Techeetah Formula E အသင်းမှ DS ကုမ္ပဏီနှင့်ပူပေါင်းပြီး ပြိုင်ကားအသစ်ထုတ်လုပ်

တရုတ်Formula E လောကမှာ နာမည်ကြီးတဲ့ Techeetah Formula E အသင်းဟာ ၎င်းတို့ကို sponsor ပေးနေ တဲ့ DS Automobiles ကုမ္ပဏီနှင့်ပူးပေါင်းပြီး ePrix ပြိုင်ပွဲမှာ အသုံးပြုမယ့် X E-TENSE လို့ နာမည်ပေးထားတဲ့ လျှပ်စစ်ပြိုင်ကားကို ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ Techeetah ဟာ နှစ်တိုင်းနီးပါး ပြိုင်ပွဲမှာ ပထမနေရာကို ယူနေ တဲ့အသင်းကြီး တစ်သင်းဖြစ်သလို ၎င်းတို့ရဲ့ ကားတွေအတွက်လည်း အကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေတာ တွေ့ရပါ တယ်။ ယခုနှစ်ကျင်းပမယ့် ပြိုင်ပွဲမှာလည်း ပထမနေရာကို ယူဖို့ရည်ရွယ်ချက်နဲ့ X E-TENSE ကို အသုံး ပြုသွား မယ်လို့ သိရပါတယ်။

X E-TENSE ဟာ DS Automobiles ရဲ့ အိမ်မက်ကားတစ်စီးဖြစ်ပါတယ်။ အခုအခါမှာတော့ သူတို့ရဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ် ပြိုင်ပွဲမှာ Techeeth အသင်းက ၎င်းကားကို အသုံးပြုပြီး ယှဉ်ပြိုင် မှာဖြစ်ပါတယ်။ X E-TENSE မှာသုံးထားတဲ့ Software ဟာ Formula E မှာ အသုံးပြုဖို့ အတွက် အထူးထုတ်လုပ် ထားတဲ့ Software ဖြစ်တယ်လို့သိရပါတယ်။ ကားရဲ့ အလေးချိန်ကို လျော့ချပြီး သာမာန် ပြိုင်ကားတွေထက် ပျော့ပါးမြန် ဆန်စေဖို့အတွက် Carbon-Fiber တွေကို အသုံးပြုထားတယ်လို့သိရပါတယ်။ ၎င်းကားဟာ စုစုပေါင်း ၃ဦးအထိ စီးနိုင်မှာဖြစ်ပြီး မောင်းနှင်သူကတော့ Formula E ပြိုင်ကားတွေရဲ့ ပုံစံအတိုင်း သီးသန့်ဖြစ်နေပြီး အမိုးပွင့် အနေအထား ဖြင့်မောင်းနှင်ရမှာဖြစ်ပြီး လိုက်ပါစီးနှင်းသူတွေကတော့ မှန်အလုံပိတ်အခန်းထဲမှာ စီးရမှာဖြစ်ပါတယ်။

DS ကုမ္ပဏီရဲ့ ပြောပြချက်အရ X E-TENSE ကို ပြိုင်ပွဲသုံးနှင့် လမ်းသုံးဆိုပြီး (၂)မျိုး ထုတ်လုပ် ထားတယ် လို့သိရပါတယ်။ ပြိုင်ပွဲသုံးအတွက်ကို အင်ဂျင်ပါဝါ 1,000kW (1,360 horsepower) အသုံးပြုထားပြီး လမ်းသုံး ကိုတော့ အင်ဂျင်ပါဝါ 400kW (540 horsepower) ကိုအသုံးပြုထားပါတယ်။ ကားကို led မီးပေါင်း ၂၀၃၅လုံးဖြင့် အလှဆင် ထားတာဖြစ်တဲ့အတွက် ညဘက်ရော နေ့ဘက်မှာပါ ပြောစရာမရှိအောင် လှပနေမှာဖြစ်ပါတယ်။ X E-TENSE ဟာ Battery အပြည့်သွင်းထားရင် ၄၀၃ မိုင်ကို သူ့ရဲ့ အမြင့်ဆုံးအမြန်နှုန်းဖြစ်တဲ့ တစ်နာရီ ၂၅၈ မိုင်နှုန်း မောင်းနှင်နိုင်မှာဖြစ်ပြီး စထွက်ထွက်ခြင်း ဝ.၉ စက္ကန့်အတွင်းမှာ 60mph အထိရောက်အောင် မောင်း နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလက်ရှိမှာတော့ Techeetah Formula E အသင်းဟာ ပြိုင်ပွဲမှာ အကောင်းဆုံး မောင်းနှင်နိုင်ရေးအတွက် X E-TENSE ကို စတင်မောင်းကျင့်နေပြီးဖြစ်တယ်လို့ သိရပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *