တရုတ်လူမျိုးများရဲ့ အမူအကျင့်များ

တရုတ်လူမျိုးတွေက အိမ်ကို ဧည့်သည်ဖိတ်တာ ရှားပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စုံချင်ရင်တော့ စားသောက်ဆိုင်ကိုသာ သွားလေ့ရှိကြပါတယ်။ တရုတ်ရိုးရာအရ ဖိတ်ကြားသူက ကုန်ကျစရိတ်ကို တာဝန်ယူရပါတယ်။

တရုတ်လူမျိုးတွေရဲ့ အိမ်ထဲမှာရေချိုးခန်းနဲ့ အိမ်သာမရှိပါဘူး။ တိုက်ခန်းတွေကလွဲလို့ တစ်ခြားအဆောက်အဦးတွေမှာ ရေချိုးခန်းနဲ့ အိမ်သာမရှိပါဘူး။ အိမ်သာကို အိမ်အပြင်မှာဆောက်ပြီး ရေချိုးခန်းနဲ့လည်း တွဲထားလေ့မရှိပါဘူး။

တရုတ်လူမျိုးတွေက ရေချိုးကန်အသုံးမပြုပါဘူး။ ဈေးကြီးတဲ့ဟိုတယ်တွေနဲ့၊ ချမ်းသာတဲ့အိမ်တွေမှာသာ ရေချိုးကန်ကို သုံးကြပါတယ်။ ရေချိုးတဲ့အခါမှာ ရေပန်းကိုသာအသုံးပြုပါတယ်။

တရုတ်လူမျိုးတွေရဲ့မီးဖိုချောင်က အရမ်းကျဉ်းပါတယ်။ မီးဖိုချောင်ပစ္စည်းထားလောက်ရုံနေရာကိုသာ အသုံးပြုကြပါတယ်။

တရုတ်နိုင်ငံမှာ အိမ်ဌားခက ဈေးကြီးပါတယ်။

တရုတ်နိုင်ငံမှာ အိမ်သစ်တစ်လုံးကို ဝယ်ယူမယ်ဆိုရင် ပြတင်းပေါက်ကို ကိုယ့်ဘာသာပြုလုပ်ရပါတယ်။ သူတို့က ပြတင်းပေါက်ပဲဖောက်ပေးထားပြီး ကျန်တာကိုတော့ ကိုယ့်ဘာသာလုပ်ရမှာပါ။

တရုတ်လူမျိုးတွေရဲ့အိမ်တွေမှာ တံခါးတွေ၊ လသာဆောင်တွေမှာ သံဇကာတွေ တပ်ဆင်ထားတတ်ပါတယ်။ သူခိုးရန်ကကာကွယ်ဖို့မဟုတ်ဘဲနဲ့ ကလေးတွေပြုတ်မကျအောင်ပါ။

တရုတ်နိုင်ငံမှာ ဗဟိုအပူပေးစနစ်ကို အသုံးမပြုပါဘူး။ တရုတ်နိုင်ငံက နေအိမ်တွေရဲ့ ရေချိုးခန်းတွေမှာ လျှပ်စစ်အပူပေးမီးချောင်းတွေ တပ်ဆင်ထားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *