တရုတ်အစိုးရက ကိုးရီးယားနှစ်နိုင်ငံအကြား ပြုလုပ်မည့် ဆွေးနွေးပွဲကို ကြိုဆိုထောက်ခံကြောင်းပြောကြား

တရုတ်အစိုးရသည် တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယားနှစ်နိုင်ငံအကြား ဖြစ်ပေါ်နိုင်တဲ့ ဆွေးနွေးပွဲကို ကြိုဆိုထောက်ခံခဲ့ပါတယ်။

ဇန်နဝါရီလ ၁ရက်နေ့တွင် မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တောင်ကိုးရီးယားနှင့် ဆွေးနွေးဖို့ လမ်းဖွင့်ထားကြောင်းနှင့် အိုလန်ပစ်ပြိုင်ပွဲမှာ မြောက်ကိုးရီးယား ကစားသမားများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် ကမ်းလှမ်းခဲ့ပါတယ်။

ထိုသတင်းကို တရုတ်အစိုးရက ကြားသိထားပြီးဖြစ်ကြောင်းနှင့် ကိုးရီးယားနှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တာကြောင့် နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ တိုးတက်မှုတွေဖြစ်ပြီး ကိုးရီးယားကျွန်ဆွယ်တွင် နျူကလီးယားလက်နက်ကင်းစင်ရန် အခွင့်အရေးတစ်ရပ်လည်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရဖြစ်သူ GENG SHUANG ပြောတာကတော့” ကိုးရီးယားနှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ဖို့နှင့် အိုလံပစ်ပြိုင်ပွဲတွင် မြောက်ကိုးရီးယား ကစားသမားများ ယှဉ်ပြိုင်ခွင့်ရရန် နှစ်နိုင်ငံခေါင်းဆောင်တွေ အပြုသဘောဆောင်တဲ့ သတင်းထုတ်ပြန်ချက်တွေ ပြုလုပ်တာကို တရုတ်အစိုးရကသိရှိပြီးပါပြီး ၊ဒီအချက်တွေဟာ ကောင်းမွန်တဲ့ တိုးတက်မှုတွေဖြစ်တယ်။ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရန် ၊တင်းမာမှုတွေလျော့ချရန်နှင့် ကိုးရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက်တွေ ကင်းစင်ဖို့အတွက် အခွင့်အရေးတစ်ရပ်လဲဖြစ်ပြီး စိတ်အားထက်သန်စွာနဲ့ ကြိုးပမ်းနေတဲ့ ကိုးရီးယားနှစ်နိုင်ငံကို တရုတ်အစိုးရက ထောက်ခံကြိုဆိုပါတယ်”လို့ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published.