တရုတ်အမျိုးသမီးတစ်ဦးပင်လယ်လိပ် အသိုက်ကို တက်နင်းသဖြင့် ဖမ်းဆီးခံရ

ဇွန်လ ၁၆ရက် တနင်္ဂနွေနေ့တွင် Miami ကမ်းခြေ၌ အသက် (၄၁)နှစ်အရွယ်ရှိ တရုတ်အမျိုးသမီး Yaqun Lu ဟာ ကမ်းခြေရှိ ပင်လယ်လိပ်အသိုက်ကို တက်နင်းလိုက်သဖြင့် ကမ်းခြေစောင့် ရဲများ၏ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ Miami ကမ်းခြေရှိ ရဲများ၏ပြောပြချက်အရ ကမ်းခြေမှာ ပင်လယ်လိပ်အသိုက်များကို မထိဖို့ရန်အတွက် တားမြစ်စာများ ကို ကပ်ထားတယ်လို့ သိရှိရပါတယ်။

ပင်လယ်လိပ်အသိုက်ရှိတဲ့နေရာကို တုတ်များ တိပ်အဝါများဖြင့် စည်းတားပြီး သတိပေးစာပါ ကပ်ထားတယ်လို့ သိရပါ တယ်။ ၎င်းတရုတ်အမျိုးသမီးဟာ အတားအဆီးတွေကြားက ပင်လယ်လိပ်အသိုက်ကို တက်နင်းခဲ့တာဖြစ်ပါတယ်။ ရဲများ ကတော့ ဘာကြောင့်အခုလိုလုပ်ရသလဲဆိုတာကို မေးမြန်းနေဆဲဖြစ်ပါတယ်။ ပင်လယ်လိပ်နှင့် အသိုက်များဟာ ဖယ်ဒ ရယ်ဥပဒေအပြင် ဖလော်ရီဒါပြည်နယ် ဥပဒေဖြင့်လည်း အကာအကွယ်ပေးထားတာဖြစ်ပါတယ်။

Miami ကမ်းခြေစောင့်ရဲများ၏ပြောပြချက်အရ အသိုက်ထဲရှိ လိပ်ဥများထိခိုက်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်။ ပင်လယ် လိပ်များဟာ နှစ်စဉ်နှစ်တိုင်း မေလအစပိုင်းမှ အောက်တိုဘာလကုန်အထိ Miami ကမ်းခြေတွင် အသိုက်ဖွဲ့ကာ ဥဥ လေ့ရှိပါတယ်။ ပရိတ်သတ်ကြီးလည်း Miami ကမ်းခြေကိုသွားဖို့ရှိတယ်ဆိုရင် ပင်လယ်လိပ်အသိုက်များကို သတိထား ဖို့ မမေ့ပါနဲ့နော်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *