တရုတ်-မြန်မာချစ်ကြည်ရေးမှရလာသော စီးပွားရေးအသီးအပွင့်လို့ပြောရမလားပေါ့

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ပြုလုပ်ခဲ့ပြီးဖြစ်သော သတင်းစာရှင်းလင်းပွဲတွင် တရုတ်ဘက်မှ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံကို တရုတ်အက္ခရာတွင် လူသားဟုအဓိပ္ပါယ်ရှိသော တရုတ်စာလုံးနှင့် ထောင့်သုံးထောင့်မှ အထောက်အကူပြုနေတဲ့ မဟာပူးပေါင်းဆောင်ရွက်နေသောပုံစံကို တည်ဆောက်သွားဖို့ အကြံပြုပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီသည် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်ရာတွေ မြန်မာနိုင်ငံသည် အရေးပါတဲ့ အိမ်နီးချင်းမိတ်ဆွေနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံလုံးက တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန် ထောက်ပံ့မှုတွေရှိသည့်အတွက် အတူပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ပါက လွန်စွာအကြိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုခိုင်မြဲစေဖို့အတွက် လက်တွေ့ကျကျ ပိုမိုနက်ရှိုင်းစွာ ပူပေါင်းဆောင်ရွက်မှုတွေပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် ဝမ်ရီက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေအပေါ် မူတည်ပြီး မြန်မာနဲ့အတူ ကူမင်းမြို့ မှ နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ပြီး မန္တလေးမြို့၊ မန္တလေး မှ ရန်ကုန် နဲ့ ကျောက်ဖြူမြို့သို့ ခွဲကာ စီးပွားရေး စင်္ကြံတည်ဆောက်လိုကြောင်း၊ ထိုသို့ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ပိုမို ညီမျှစွာ တိုးတက်ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံသည် ခေတ်သစ် ပိုးလမ်းမကြီးတည်ဆောက်ဖို့အတွက် အလားလာသစ်ကို ဖော်ဆောင်စေနိုင်ပြီး နှစ်နိုင်ငံ ပညာရှင်တွေနဲ့ သက်ဆိုင်ရာဌာနတွေက သိပ္ပံနည်းကျ လေ့လာမှုတွေပြုလုပ်သွားစေလိုကြောင်း၊ အဓိကအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ထည့်သွင်းစဉ်းစားအကောင်အထည်ဖော် ပူးပေါင်းလုပ်ဆောင် သွားစေလိုကြောင်း၊ မြန်မာနိုင်ငံရဲ့ အလိုအပ်ဆုံးသောအစိတ်အပိုင်းကနေ စတင်ပြီး မြန်မာပြည်သူတွေ လိုချင်ဆုံးသော စီမံကိန်းများကနေ နှစ်ဦးနှစ်ဖက် အကျိုးအပြန်အလှန်ဖြစ်ထွန်းအောင် ပူးပေါင်းဆာင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *