တာမွေမြို့နယ်မှ ပြည်သူအချို့သမ္မတကြီးကို ကြိုဆိုဂုဏ်ပြု

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို နိုင်ငံ၏ ဒသ၁မ မြောက် သမ္မတကြီးအဖြစ်ရွေးကောက်လိုက်ပြီးနောက် မနေ့က တာမွေမြို့နယ် ၁၆၆လမ်းထိပ်ရှိ ပြည်သူများက လမ်းထိပ် တွင် သမ္မတကြီးရုပ်ပုံကို ဗီနိုင်းထောင်ပြီး ကြိုဆိုကြတာ တွေ့ရပါတယ်။ လမ်းအဝင်မှာ သမ္မတကြီးနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပုံပါဗီနိုင်းကိုပါ ချိတ်ဆွဲပြီး လာမယ့် ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီမှာ အကျွေးအမွေးနဲ့ကြိုဆိုဂုဏ်ပြုကြမှာဖြစ်ကြောင်းကြေငြာထားတာတွေ့ရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *