တာလီဘန်များနှင့် အာဖကန်စစ်တပ်တို့ တိုက်ပွဲဖြစ်ရာ ၇ ဦးသေဆုံးခဲ့

အာဖကန်နစ္စတန်နိုင်ငံ Kabul မြို့လည်၌ ဧပြီလ ၂၀ရက် စနေနေ့ ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၄၀မိနစ် (07:10 GMT) တွင် တာလီဘန်အကြမ်းဖက်သမား ၄ ဦးက သေနတ်များဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပစ်ခတ် ချိန်မှာ အသင့်ရှိနေတဲ့ အာဖကန်စစ်တပ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အပြန်အလှန်ပစ်ကြရာ အရပ်သား ၄ ဦးနဲ့ အာဖကန် စစ်သား ၃ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ရပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ Kabul မြို့လည်ရှိ နိုင်ငံခြားဧည့်သည်တွေ အများဆုံး တည်းခိုတဲ့ Serena Hotel နှင့် Kabul ရဲ့အမြင့်ဆုံး အဆောက်အဦး ၁၈လွှာရှိ အာဖကန်၏ သတင်း အချက်အလက်နှင့် ပြန်ကြားရေးဝန်ကြီးဌာနရုံး နဘေးတွင်ဖြစ်ပါတယ်။

အခင်းဖြစ်ပွားချိန်တွင် အဆောက်အဦးထဲ၌ လူပေါင်း ၂၀၀၀ ကျော်ပိတ်မိနေခဲ့ပြီး တချို့ကတော့ အဆောက်အဦးရဲ့ ပြတင်း ပေါက်မှ ခုန်ချကာထွက်ပြေးခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်သမား ၄ ဦးလုံး စစ်တပ်ရဲ့လက်ချက်ကြောင့် သေဆုံး ခဲ့ပြီး စစ်သား၃ ဦး၊ အရပ်သား ၄ ဦးသေဆုံးခဲ့ကာ အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဆေးရုံသို့ ပို့ဆောင် ခဲ့ရတယ်လို့ သိရပါတယ်။

အမေရိကန်ကလည်း တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးယူဖို့ ကြိုးစားခဲ့တာ ၂၀၁၈ခုနှစ် အောက်တိုဘာလ ကတည်းက ဖြစ် ပါတယ်။ သို့သော် အခုထိတော့ ငြိမ်းချမ်းရေးလက်မှတ်မထိုးနိုင်သေးဘူးဖြစ်ပါတယ်။ တာလီဘန်တွေနဲ့ စစ်ဖြစ်နေ ရတာ ၈နှစ်အထိကြာမြင့်ခဲ့ပြီး တစ်နှစ်အတွက် စစ်အသုံးစရိတ်ဟာ ဒေါ်လာ ၄၅ ဘီလီယံရှိနေကြောင်း အမေရိကန်ရဲ့ ပြော ပြချက်အရသိရှိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *