တိရိစ္ဆာန်တွေကို အလွဲသုံးစားလုပ် Selfie တွဲရိုက်တင်မှု ကို Instagram ကသတိပေးမှုထုတ်ပြန်

မကြာသေးမီက လူငယ်တစ်စုဟာ လင်းပိုင်ငယ်လေးတစ်ကောင်ကို ကမ်းခြေကနေ ယူလာခဲ့ပြီး ဓါတ်ပုံတွဲရိုက်ဖို့အတွက် အချိန်တော်တော်ကြာကြာ ယူခဲ့တာကြောင့် လင်းပိုင်ငယ်လေးဟာ သေဆုံးခဲ့ပါတယ်။ အဲ့ဒီ လင်းပိုင်ငယ်လေး သေသွားပြီးတဲ့အချိန်မှာတောင် လူတစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း ဓါတ်ပုံရိုက်ခဲ့ကြပြီး နောက်ဆုံး သဲသောင်မှာ စွန့်ပစ်ခဲ့ကြပါတယ်။ အဲ့လိုအဖြစ်အပျက်တွေအတွက် လူတွေ တစ်နှစ်ပြီးတစ်နှစ် တိရစ္ဆာန်တွေနဲ့ တွဲတင်ထားတဲ့ ပုံတွေကို ဖြိုခွင်းဖို့အတွက် လုပ်ဆောင်နေတာပါ။

အသုံးပြုသူတွေက ကိုအာလာ နဲ့ မျောက် စတဲ့ တိရစ္ဆာန်တွေကို Selfie ရိုက်ထားပြီး tag တွဲတင်တာတို့၊ တစ်ကိုယ်တည်းတင်တဲ့အချိန်တွေမှာ အလိုအလျောက် သတိပေးစာတစ်စောင် မျက်နှာပြင်မှာ တက်လာမှာဖြစ်ပါတယ်။

သတိပေးစာမှာပါဝင်မှာကတော့ “တိရိစ္ဆာန်တွေကို အလွဲသုံးစားပြုမှုနဲ့ မျိုးတုန်းနိုင်ခြေရှိတဲ့ တိရိစ္ဆာန်တွေ ရောင်းချမှုကို Instagram မှာခွင့်မပြုပါ။ သင့်အနေနဲ့ တိရိစ္ဆာန်တွေ အန္တာရာယ်ကျရောက်နေတာတွေနဲ့ ပတ်ဝန်းကျင်ကို အထောက်အကူပြုတဲ့ ပိုစ့်တစ်ခုခုကို တင်ပါလို့” ရေးထားမှာဖြစ်ပါတယ်။

ဒီလိုအရေးယူလုပ်ဆောင်တာဟာ  Instagram က ပထမဆုံး မဟုတ်ပါဘူး။ ဇူလိုင်လမှာ Tinder က ကျားပုံနဲ့ ဓါတ်ပုံတွဲတင်တဲ့သူကို “အခုချက်ချင်း ကျားနဲ့ တွဲတင်ထားတဲ့ပုံကို ပြန်ဖျက်ပေးပါ” လို့ သတိပေးခဲ့ပြီး ကမ္ဘာ့ကျားများနေ့မှာ ကျားတွေကိုထိန်းသိမ်းဖို့အတွက် အလှူငွေ ဒေါ်လာ ၁ သောင်းထည့်ဖို့ ကတိပေးပါလို့ ပိုစ့်တင်တဲ့သူကို ပြောကြားခဲ့ပါတယ်။

Instagram က Tinder လိုမျိုး ပုံတွေကို ဖြုတ်ချဖို့ အသုံးပြုသူတွေကို ခိုင်းစေမှာမဟုတ်ပေမယ့် သူတို့က ကမ္ဘာ့ တောရိုင်းတိရိစ္ဆာန် ရန်ပုံငွေ နဲ့ ကမ္ဘာ့တိရိစ္ဆာန်ကာကွယ်ရေးအဖွဲ့ တို့နဲ့ လက်တွဲလုပ်ဆောင်နေတာဖြစ်ပြီး တိရိစ္ဆာန်အလွဲသုံးစားလုပ်ခံနေရတာကို ကာကွယ်ဖို့ ဖြစ်ပါတယ်။

“တိရိစ္ဆာန်တွေကို အကာအကွယ်ပေးမှု နဲ့ လုံခြုံစိတ်ချရမှုက သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာ့ အဖွဲ့အစည်းသာယာဖိုအတွက် အင်မတန်မှအရေးပါတယ်လို့လည်း” ၎င်းကပြောပါတယ်။ “တိရိစ္ဆာန်တွေနဲ့ ကျွန်တော်တို့ဟာ အပြန်အလှန်အကျိုးသက်ရောက်မှုရှိနေတဲ့အချက်ကို လူတွေ တွေးမြင်ဖို့နဲ့ သူတို့တွေ အသုံးချခံနေရတာကို လူထုက သတင်းပေးပြီး ကူညီကြဖို့ ကျွန်တော်တို့က တွန်းအားပေးခြင်းသာဖြစ်ပါတယ်။”

“ကျွန်တော်တို့တစ်တွေဟာ  တိရိစ္ဆာန်လုံခြုံမှုအတွက် ရှေ့ရှုလုပ်ဆောင်မှာဖြစ်ပြီး အက်ပလီကေးရှင်းကနေတစ်ဆင့်ရော၊ အပြင်မှာပါ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” လို့ Instagram ကပြောပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *