တူရကီနှင့် ဆီးရီးယားတို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲကိုကြည့်မနေတော့ဘူးလို့ ပြောကြားလာတဲ့ ရုရှား

တူရကီနှင့် ဆီးရီးယားတို့ နယ်စပ်မှာရှိနေတဲ့ Manbij မြို့မှာ အခြေချထားတဲ့ အမေရိကန် စစ်တပ်ဟာ ယခုလ အစပိုင်းမှာ တပ်ဆုတ်သွားခဲ့ပါတယ်။ ထိုသို့ တပ်ဆုတ်သွားတာကို အခွင့်ကောင်းယူပြီး တူရကီနှင့် ဆီးရီးယားတို့က နေရာဝင်ယူရာမှ ယခုလို ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားလာကာ စစ်ရေးတင်းမာမှုတွေ ပိုမိုပြင်းထန်လာခဲ့ရ ပါ တယ်။ တူရကီဘက်ကလည်း ထိုနေရာတွင် သူတို့ရဲ့ Safe Zone အဖြစ် သတ်မှတ်ထားတဲ့ နယ်မြေပါဝင်နေတဲ့ အ တွက် ထိုနေရာကိုအရယူရန်ကြိုးစားနေသလို ဆီးရီးယားကလည်း ထိုနေရာဟာ ကနဦးကတည်းက သူတို့ရဲ့နေရာ ဖြစ် တဲ့အတွက် ပြန်လည်ရယူလိုပါတယ်။

ရုရှားစစ်တပ်ကလည်း တူရကီနှင့် ဆီးရီးယားတို့ရဲ့အကြား ယခုလိုတိုက်ပွဲတွေဖြစ်နေတာကို နောက်ထပ် အဖြစ် ခံတော့မှာ မဟုတ်ဘူးလို့ အောက်တိုဘာလ ၁၄ ရက် တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ Manbij မြို့ ပတ်လည်ရှိ ၁၀၀၀ စတုရန်းမီတာလောက်ကို ဆီးရီးယားစစ်တပ်များက ထိန်းချုပ်ထားနိုင်တဲ့အပြင် အမေရိကန် စစ်တပ်များ မထွက်ခွာမီအချိန်ကတည်းက ရုရှားရဲ့ စစ်တပ်များဟာ ထိုနယ်စပ်တစ်လျှောက်မှာ ကင်းလှည့် စောင့်ကြည့်ကာ ဖြန့်ကြက် ထားတာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂရှိ လူ့အခွင့်အရေးအဖွဲ့ကလည်း တူရကီရဲ့တိုက်ခိုက်မှုဟာ IS တွေကို ပြန်လည်ထကြွလာစေရန် ပြုလုပ် နေသလိုဖြစ်တဲ့အတွက် အပစ်အခတ်ရပ်စဲရန် အကြံပြုပြောဆိုနေသလို အမေရိကန် သမ္မတ Trump ကလည်း တူရ ကီဘက်မှ အမြန်ဆုံးအပစ်အခတ်ရပ်စဲရန် တူရကီ သမ္မတ Recep Tayyip Erdogan ကို ဖုန်းဆက်ကာ ပြောဆို ခဲ့တယ်လို့လည်း သိရှိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published.