တူရကီဘက်မှ အပစ်အခတ်ရပ်စဲပေးလိုက်သော်လည်း ဆီးရီးယားဘက်ကပြန်လည်းပစ်ခတ်မှုရှိနေသေးတဲ့အတွက် တူရကီကသတိပေး

တူရကီနှင့် ဆီးရီးယားတို့၏ နယ်စပ်ရှိ အမေရိကန်စစ်တပ်များ ဆုတ်ခွာသွားတဲ့အတွက် တူရကီနှင့် ဆီးရီးယားတို့အကြား နယ်မြေလုပွဲဖြစ်ပွားကာ စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။ သို့သော် ကုလသမဂ္ဂရော အမေရိကန်ကရော အပစ်အခက်ရပ်စဲရန် ပြောကြားခဲ့သဖြင့် (၂)ဖက်လုံးက သဘောတူညီပြီး တိုက်ပွဲဖြစ်ပွားရာနယ်မြေနှင့် 120km (70 miles) သို့ အသီးသီး ဆုတ်ခွာသွားခဲ့သော်လည်း နားလည်မှုလွဲမှားခြင်း အနည်းငယ်ကျန်ရှိနေသေးတဲ့အတွက် တနင်္ဂနွေနေ့က အသေးစားတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရပါတယ်။

ဆီးရီးယား၏ ပြောပြချက်အရ တူရကီဟာ အပစ်အခက်ရပ်စဲဖို့ သဘောတူခဲ့သော်လည်း စစ်ပြေးဒုက္ခသည်များ သူတို့ရဲ့ နေရာကိုပြန်လာနိုင်ဖို့ရန်အတွက် လမ်းကြောင်းမဖွင့်ပေးတဲ့အတွက် ယခုလို့တိုက်ခိုက်ရတာဖြစ်ကြောင်း သိရပါတယ်။ တူရကီဘက်ကလည်း ဆီးရီးယားဘက်မှ ယခုလိုစတင်ပြီး သဘောတူညီမှုကို ဆက်လက်ဖောက်ဖျက်နေမယ်ဆိုလျှင် သူတို့ရဲ့ နယ်မြေထိုးစစ်ဆင်မှုကို ပြန်လည်စတင်ရမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

ဆီးရီးယားနှင့် တူရကီတို့ရဲ့ နယ်စပ်မှ ဆုတ်ခွာသွားတဲ့ စစ်သား အယောက် (၁၀၀၀၀)လောက်ရှိတဲ့ အမေရိကန်တပ်များကတော့ လက်ရှိမှာ အီရန်ဘက်သို့ သွားနေတာဖြစ်ပြီး အီရန်တွင် ပြန်လည်ထကြွလာတဲ့ IS အဖွဲ့များကို နှိမ်နင်းရန်အတွက် အီရန်တွင် တပ်ပြန်လည်ဖွဲ့စည်းရန် သွားနေတာဖြစ်ကြောင်း အိမ်ဖြူတော်အကြံပေး၏ ပြောပြချက်အရသိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *