တူရကီရှိ ဓာတုစက်ရုံတစ်ရုံမီးလောင်မှုဖြစ်ပွား

စက်တင်ဘာလ (၁၉)ရက် ကြာသပတေးနေ့တွင် တူရကီနိုင်ငံ Istanbul မြို့ရှိ ဓာတုစက်ရုံတစ်ရုံမီးလောင်မှု ဖြစ်ပွား ခဲ့ပါတယ်။ ထိုမီးလောင်မှုကြောင့် သတ္တုကန်တစ်လုံး ပေါက်ကွဲကာ လေပေါ်သို့မြင့်တက်သွားခဲ့ပြီး သတ္တုအပိုင်း အစ များ လွင့်စင်သွားသဖြင့် တစ်ဘက်လမ်းရှိ ကားပါကင်ထဲမှ ကားများအနည်းငယ်ထိခိုက်သွားတယ်လို့ သိရပါတယ်။

၎င်းမီးဟာအလွန်ပြင်းထန်တဲ့အတွက် မီးသတ်သမား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မီးဟာ (၂)နာရီကြာအောင် လောင်ကျွမ်းခဲ့ပြီး မီးကိုထိန်းရန်အတွက် မီးသတ်အင်ဂျင် (၄၈)လုံးနှင့် မီးသတ်သမား (၁၃၈)ဦး အသုံးပြုခဲ့ရတယ်လို့ Istanbul မြို့တော် မီးသတ်ဌာန၏ ပြောပြချက်အရသိရှိရပါတယ်။ မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းကိုတော့ စုံစမ်း စစ်ဆေးနေဆဲဖြစ်ပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *