တူရကီသမ္မတ Tayyip Erdogan က ဆီးရီးယားနယ်မြေများကို ဆက်လက်သိမ်းပိုက်သွားမှာဖြစ်ကြောင်းပြောကြား

အောက်တိုဘာလ (၁၃)ရက် တနင်္ဂနွေနေ့က Istanbul တွင် ပြုလုပ်ခဲ့သော ညီလာခံ၌ တူရကီသမ္မတ Tayyip Erdogan က တူရကီဦးဆောင်သော စစ်တပ်ဟာ ဆီးရီးယား၏ နယ်စပ်မြို့များဖြစ်တဲ့ Tel Abyad နှင့် Ras al Ain မြောက်ဘက်တို့တွင် ဝိုင်းထားကာ Kurdish ရဲ့ YPG တပ်ဖွဲ့ကို တိုက်ခိုက်ရန်အသင့်အနေအထားနဲ့ ရှိနေပြီဖြစ် ကြောင်းနှင့် ဆီးရီးယား၏ကျန်ရှိနေသေးတဲ့ နယ်မြေများကိုလည်း ဆက်လက်သိမ်းပိုက်သွားမှာဖြစ်ကြောင်း ပြော ကြားခဲ့ပါတယ်။

သမ္မတ Tayyip Erdogan က ရှေးဦးစွာ Ras al Ain နှင့် Tel Abyad ကြားရှိ ၁၂၀ကီလိုမီတာ (၇၅မိုင်) အကျယ်အဝန်းရှိတဲ့ နေရာကို အဓိကထားကာ ထိန်းချုပ်မှာဖြစ်ကြောင်း ထိုအနေရာကို ထိန်းလိုက်ခြင်းကြောင့် အကြမ်းဖက်သမားများအနေဖြင့် အရှေ့အလည်ပိုင်းဒေသသို့ သွားရန် ၄၈၀ကီလိုမီတာ လောက် ကွာဝေးသွား မှာဖြစ် ပါတယ်လို့ ရှင်းပြသွားခဲ့ပါတယ်။

သမ္မတက တစ်ဖက်မှာ Hasaka ကိုထိန်းချုပ်ထားမှာဖြစ်ပြီး နောက်တစ်ဖက်မှာလည်း Ain al Arab (Kobani) ကိုပါ ထိန်းချုပ်လိုက်မယ်ဆိုရင် သူတို့ရဲ့ စစ်ဆင်းရေးဟာ ပြီးမြောက်သွားမှာဖြစ်ကြောင်း ဆက်လက်ပြောကြား ခဲ့ပါ တယ်။

တူရကီဟာ ပြီးခဲ့တဲ့ အပတ်ကစပြီး ဆီးရီးယားရဲ့ Kobani ကို စတင်ပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး Kobani မှတစ်ဆင့် Hasaka နှင့် Ain al Arab တို့ကိုပါဆက်လက် သိမ်းပိုက်သွားမှာဖြစ်ပါတယ်။ ထိုးစစ်စတင်ခဲ့တဲ့အချိန်ကစလို့ တူရ ကီဘက်က စစ်သား (၂)ဦးနှင့် တူရကီကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားသူပုန် (၁၆)ယောက်သေဆုံး ခဲ့ရပါတယ်။ ဆီးရီးယားဘက်ကတော့ တိုက်လေယာဉ် အစီးပေါင်း (၄၄၀)၊ Tel Abyad နားရှိ ရွာပေါင်း (၁၇)ရွာ၊ Ras Al Ain နားရှိ ရွာလေးရွာနှင့် စုစုပေါင်း ၁၀၉စတုရန်းကီလိုမီတာ109 square km ၄၂ စတုရန်းမိုင် အကျယ် အဝန်းရှိသော နယ်မြေများကို ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။

Source : Reuters News

Leave a comment

Your email address will not be published. Required fields are marked *