တောင်ကိုရီးယားသမ္မတ မွန်း က ထရန့်သာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရနိုင်ဟုပြော

လုပ်ဖို့လိုအပ်တာအားလုံးက ငြိမ်းချမ်းရေးပါ။ သမ္မတ ဒေါ်နယ်ထရန့်ကသာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရနိုင်တယ်လို့ တောင်ကိုရီးယားသမ္မတ Moon Jae-in က ကွယ်လွန်သွားပြီးဖြစ်တဲ့ တောင်ကိုရီးယားရဲ့ ငြိမ်းချမ်းနိုဘယ်ဆုရှင် Kim Dae Jung ရဲ့ဇနီးကို မနေ့ကပြောလိုက်ကြောင်း The Straits Times သတင်းအရသိရပါတယ်။ ကွယ်လွန်သွားပြီးဖြစ်တဲ့ တောင်ကိုရီးယားသမ္မတ Mr. Kim Dae Jung နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း Kim Jong Un တိုဟာ လွန်ခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က မွန်း နဲ့ ကင်တို့ တွေ့ဆုံခဲ့ကြသလိုမျိုး ၂၀၀၀ခုနှစ်မှာ ပထမအကြိမ် တွေ့ဆုံခဲ့ကြတဲ့အတွက် ၂၀၀၀ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါကို အကြောင်းပြုပြီး နိုဘယ်ဆုရှင် သမ္မတဟောင်းရဲ့ဇနီးက မွန်းအနေနဲ့ လာမယ့်အောက်တိုဘာလမှာ ကြေငြာမယ့် ငြိမ်းချမ်းရေး နိုဘယ် ဆုကို ရဖို့ သူမအနေနဲ့ မျှော်လင့်ကြောင်း သမ္မတမွန်းသို့ ချီးကျူးစကားပြောရာမှာ မွန်းကပြန်လည် ပြောဆို လိုက်တာ ဖြစ်ပါတယ်။
ခုဆိုရင် တောင်ကိုရီးယားနယ်စပ်မှာရှိတဲ့ ဝါဒဖြန့် လော်စပီကာကြီးတွေကိုတောင် ရုပ်သိမ်းဖို့ အမိန့်ပေးလိုက်ပါပြီ။ ထရန့်နဲ့ ကင်တို့ ထိပ်သီးတွေ့ဆုံမယ့်နေရာကို စင်္ကာပူ နဲ့ မွန်ဂိုလီးယားကို ဦးစားပေး စဉ်းစားနေပေမယ့် ထရန့်ကတော့ မွန်းနဲ့ကင်တို့တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယားက စစ်မဲ့ဇုံနေရာကိုပဲ ပိုပြီးသဘောတွေ့နေတယ်လို့ မနေ့က သူ့ရဲ့ Twitter မှာရေးသားခဲ့ပါသေးတယ်။ တောင်ကိုရီးယားသမ္မတရုံးကလည်း စစ်မဲ့ဇုံကိုသာ ရွေးမယ်ဆိုရင် သမိုင်းဝင်ငြိမ်းချမ်းရေး မှတ်တိုင်သစ်အတွက် အကောင်းဆုံးနေရာဖြစ်အောင် ပြင်ဆင်မယ်လို့ဆိုကြောင်း Yonhap သတင်းအရသိရပါတယ်။ ဒါ့အပြင် စစ်မဲ့ဇုံက Panmunjom ဟာ ခွဲခြမ်းခြင်းကို ပျက်သုဉ်းစေပြီး ငြိမ်းချမ်းရေးအတွက် မှတ်တိုင်စိုက်နိုင်လောက် တဲ့နေရာတစ်ခုအဖြစ်လုံးဝအဓိပ္ပါယ်သက်ရောက်ပါတယ်လို့ဆိုပါတယ်။
တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်အဆင့် ထိပ်သီးဆွေးနွေးပွဲကို ၂၀၀၀ခုနှစ်တစ်ကြိမ်၊၂၀၀၇ ခုနှစ်မှာ တစ်ကြိမ်နဲ့ ယခု မွန်းနဲ့ ကင်တို့ရဲ့ ဧပြီ ၂၇ ရက်နေ့တွေဆုံမှုနဲ့ ဆိုရင် သုံးကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။ တတိယ အကြိမ်ကတော့ နယူလက်နက်ဖျက်သိမ်းရေးသဘောတူညီမှု ရနိုင်တဲ့အထိဦးတည်တဲ့ တွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်။

Ref: The straits Times

Leave a comment

Your email address will not be published. Required fields are marked *