တောင်ကိုရီးယား တောမီးလောင်မှုကြောင့် လူ ၇၀ ထက်မနည်းသေဆုံး

ဧပြီလ ၄ရက်နေ့ ကြာသပတေးနေ့ ညတွင် တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့မှ အရှေ့တောင်ဘက် ၂၁၀ ကီလိုမီတာ (130 miles) အကွာမှာ ရှိတဲ့ Goseong ဒေသတွင် တောမီးလောင်မှုကြီးဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ရာ လေ ပင့်ဆိုသလို တောမီးလောင်တဲ့အချိန်မှာ လေပါတိုက်ခဲ့တဲ့အတွက် မီးပွားများလွင့်စင်ပြီး လူနေအိမ်တိုက်ခန်းတွေပါ မီးလောင်သွားခဲ့ပါတယ်။ Goseong ဟာ မကြာတော့တဲ့အချိန်မှာကျင်းပမယ့် ၂၀၂၀ ခုနှစ် အိုလံပစ်ပွဲကြီး ကျင်းပဖို့ အ တွက် ရာထားတဲ့ မြို့ထဲမှာ ပါဝင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

တောမီးလောင်မှုကြောင့် လူနေအိမ်ပေါင်း ၁၂၀ မီးလောင်ခဲ့ရပြီး အသက်၆၀အရွယ် အမျိုးသားတစ်ဦးဟာ မီးထဲမှာ သေဆုံးခဲ့ပါတယ်။ ထို့အပြင် မီးလောင်ရင်း လေတိုက်လို့ လွင့်စင်လာတဲ့ အပိုင်းအစတွေနဲ့ ထိခိုက်ပြီး သေဆုံးသွားသူတွေ ၇၀ကျော်ရှိတယ်လို့သိရပါတယ်။ မီးလောင်မှုဟာ လူအိပ်ချိန်မှာ ဖြစ်ပွားခဲ့တဲ့အတွက် ပျက်ဆီးဆုံးရှုံးမှု အလွန်များ ခဲ့ရတာဖြစ်ပါတယ်။ လူနေအိမ်များအပြင် မြို့ထဲရှိ ကားများလည်း မီးလောင်မှုမှာ ပါဝင်သွားတယ်လို့ သိရ ပါတယ်။

မီးဟာ Ganeung အပြင် Donghae ဘက်အထိကို လောင်ကျွမ်းခဲ့ပြီး Ganeung ဒေသတစ်ခုတည်းမှာပဲ ၂၅၀ ဟက်တာ (1 square mile) အထိလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ Gangwon မီးသတ်ဌာနရဲ့ မီးသတ်ခေါင်း ဆောင် Choi Jin-ho ပြောပြချက်အရ Ganeung ဒေသမှာ လူပေါင်း ၂၄၀၀ကျော်ရှိပြီး ၁၂၅၀ လောက်ကို မီးဘေး ကနေ ကယ်ခဲ့ရတယ်လို့ သိရပါတယ်။ ၎င်းတောမီးကို ထိန်းဖို့ရန်အတွက် မီးသတ်ရဟတ်ယာဉ်အစီး ၂၀ နှင့် မီးသတ် သမားပေါင်း ၅၆၀၀ အသုံးပြုခဲ့ရတယ်လို့ သိရှိရပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *