တောင်နဲ့မြောက် ကိုးရီးယားတို့၏ နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုလျော့ချနိုင်ရန် ဆွေးနွေးပွဲကို သဘောတူလိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲ တစ်ရက်ကြာဆွေးနွေးမှုအပြီးမှာ ၂နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ ၂နိုင်ငံ နယ်စပ်စစ်ရေးတင်းမာမှုတွေကို လျော့ချနိုင်ရေးအတွက် ဆွေနွေးပွဲကို ပြုလုပ်ဖို့ တောင် နဲ့ မြောက် ကိုရီးယား တို့က သဘောတူလိုက်ကြပါတယ်။

ဒီသဘောတူညီချက်ကြောင့် ၂နှစ်ကြာပျက်တောက်နေခဲ့တဲ့ ၂နိုင်ငံစစ်တပ်တွေအကြားရှိ အရေးပေါ်ဆက်သွယ်ရေး လမ်းကြောင်းကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီလို့ တောင်ကိုရီးယားမှပြောပါတယ်။ ဒီလိုသဘောတူညီမှုတွေ ရှိနေသော်လည်း မြောက်ကိုရီးယားဘက်မှာ နျူကလီးယားလျော့ချမှုနဲ့ ပတ်သက်လို့ ဘာမှပြောကြားခြင်းမရှိသေးပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အခုလို ဆွေးနွေးပွဲကို သတိထားပြီး ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယားအနေနဲ့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မြောက်ကိုရီးယားဘက်မှ ကိုယ်စားလှယ်အဖွဲ့တွေ၊ အားကစားသမားတွေ၊ ရိုးရာအကသမားတွေ၊ တိုက်ကွမ်ဒိုသမားတွေ၊ ပွဲကြည့်ပရိသတ်တွေကို စေလွှတ်မှာကို တောင်ကိုရီးယားဘက်မှ ကြိုဆိုနေရာချထားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီအချက်ဟာ ကုလသမဂ္ဂမှ မြောက်ကိုရီးယားအပေါ် သတ်မှတ်ထားတဲ့ ပိတ်ဆို့ ကန့်သတ် အရေးယူမှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခြင်းမရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

Leave a comment

Your email address will not be published.