တောင်အာဖရိကတွေ ခရီးသည်တင်ရထားတစ်စီးသည် လော်ရီကားတစ်စီးနှင့် တိုက်မိပြီး မီးလောင်ခဲ့ရာ လူ ၄ဦးသေဆုံးခဲ့

တောင်အာဖရိကနိုင်ငံတွင် ဒေသစံတော်ချိန် နံနက် ၉နာရီ ၁၅မိနစ်တွင် ခရီးသည်တင် ရထားတစ်စီးက လော်ရီကားကို တိုက်မိခဲ့ပြီး မီးလောင်ပေါက်ကွဲခဲ့တာကြောင့် လူ အနည်းဆုံး ၄ဦးသေဆုံးပြီး ရာကျော်ဒဏ်ရာရခဲ့ပါတယ်။

ထိုခရီးသည်တင်ရထားသည် ပို့အဲလစ်ဇဘတ်ကနေ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့သို့ အသွားတွင် ယခုလိုတိုက်မိခဲ့တာဖြစ်ပြီး တိုက်မိချိန်တွင် ရထားထဲတွင် မီးခိုးတွေနဲ့ ပြည့်နေတာကြောင့် ခရီးသည်တွေက ပြတင်းပေါက်ကနေခုန်ချကာ အသက်ဘေးကလွတ်အောင် ပြေးခဲ့ရတယ်လို့ သိရပါတယ်။

မီးသတ်သမားများက ရထားတွဲမှ ထွက်လာသော မီးတောက်များကို ငြိမ်းသတ်နေစဉ်မှာ ဝန်းကျင်ရှိ လမ်းတွေနဲ့ ကွင်းပြင်တွေမှာ ခရီးသည်တွေထိတ်လန့် ထွက်ပြေးနေခဲ့တယ်လို့ သိရပါတယ်။ ခရီးသည်တစ်ဦးက ရထားမတိုက်မှီ အချိန်တော်တော်ကြာကြာမှာကတည်းက ရထားကဟွန်းတီးခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

တောင်အာဖရိက အရေးပေါ်ဆေးကုသ ဝန်ဆောင်မှုလုပ်ငန်းက ပြောခွင့်ရသူက ဆေးတပ်သားတွေသည် အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီး လူအနည်းဆုံး ၁၀၀လောက်ကို ကုသပေးနေတယ်လို့ ပြောခဲ့ကြောင်း သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *