တော်ဝင်မင်းသားရဲ့ကြင်ယာတော် Kate Middleton လက်သည်းနီမဆိုးရခြင်းအကြောင်း

တော်ဝင်မင်းသား William ရဲ့ ကြင်ယာတော်ဖြစ်တဲ့ Kate ရဲ့ အလှအပရေးရာအတွက်ကုန်ကျစရိတ်က တစ်နှစ်ကို  ဒေါ်လာ ၃၇၇၂၈ ရှိပါတယ်။ နောက်ဆုံးပေါ်အလှကုန်ပစ္စည်းအကောင်းစားတွေကို အသုံးပြုတတ်ပြီး အချိန်တိုင်းမှာ အလှဆုံးဖြစ်နေတတ်ပါတယ်။ ဆံပင်ထုံးဖွဲ့မှုတွေ၊ လှပတဲ့အသားအရေနဲ့ မျက်နှာခြယ်သမှုတွေကို အပြည့်ဆုံစုံး ပုံစံနဲ့တွေ့မြင်ရမှာဖြစ်ပေမယ့် လက်သည်းကတော့ အရောင်ဆိုးလေ့မရှိပါဘူး။ ဘာကြောင့်လက်သည်းအရောင်မဆိုးရတာလဲ?

တော်ဝင်မိသားစုတွေအနေနဲ့ တော်ဝင်မိသားစုအတွက် သတ်မှတ်ထားတဲ့ လက်သည်းအရောင်ကလွဲပြီး ကျန်တဲ့လက်သည်းအရောင်ဆိုးတာကို ပြုလုပ်ခွင့်မရှိပါဘူး။ တော်ဝင်မိသားစုများအနေနဲ့ များသောအားဖြင့် Nude အရောင်များကိုသာ ဆိုးခွင့်ရှိပါတယ်။ ဒါကြောင့် Kate အနေနဲ့လည်း တော်ဝင်မိသားစုရဲ့စည်းကမ်းများကို လိုက်နာခြင်းအားဖြင့် လက်သည်းအရောင်မဆိုးတာဖြစ်ပါတယ်။

တော်ဝင်မိသားစုတွေမှာ လက်သည်းအရောင်အတွက်သာမက အဝတ်အစားဝတ်ဆင်ရာမှာလည်း မင်းသား George ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြရပါတယ်။ Queen Elizabeth ရဲ့ဝတ်စားဆင်ယင်မှုမှာဆိုရင် လက်အိတ်ရှည်ကို အမြဲဝတ်ဆင်တာတွေ့ရမှာပါ။ အဲ့ဒါကတော့ ဘုရင်မအနေနဲ့ လူအများနဲ့လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ ရောဂါပိုးမွှားတွေမကူးစက်အောင် ကာကွယ်ထားနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။

မင်းသား Harry ရဲ့ ချစ်သူဖြစ်တဲ့ မင်းသမီး Meghan Markle ကလည်း အခုကတည်းက တော်ဝင်မိသားစုရဲ့ ဝတ်စားဆင်ယင်မှုစည်းကမ်းအတိုင်း ဝတ်ဆင်နေပြီး လက်သည်းအရောင်ကိုလည်း nude ကာလာပဲ ဆိုးထားတာတွေ့ရတာကြောင့် အခုကတည်း တော်ဝင်မိသားစုအဖြစ် ခံယူဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Leave a comment

Your email address will not be published. Required fields are marked *