တေးဂီတသံစဉ်အစွမ်း

ဂီတသံစဉ်တွေက လူတွေရဲ့စိတ်ကို လန်းဆန်းတက်ကြွရုံသာမက ဂီတသံစဉ်တွေက လူတွေရဲ့စိတ်ကို ပေါ့ပါးစေတယ်၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တယ်၊ တီထွင်နိုင်စွမ်းကို ပိုမိုကောင်းမွန်လာစေတယ်၊ အာရုံစူးစိုက်မှုကို ပိုမိုရရှိစေတဲ့အပြင် အလုပ်မှာလည်း စွမ်းဆောင်ရည်တွေ တိုးတက်လာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဘယ်လိုအစွမ်းသတ္တိတွေရှိလဲဆိုတာ လေ့လာကြည့်ကြရအောင်။

သီချင်းတွေနားထောင်ရင် အလိုလိုစိတ်ပျော်ရွှင်လာစေတယ်။ သိပ္ပံနည်းကျစမ်းသပ်စစ်ဆေးမှုတွေ မှာလည်း သီချင်းနားထောင်ခြင်းက စိတ်ပျော်ရွှင်စေတယ်ဆိုတာကို သက်သေပြထားပါတယ်။

ဘယ်သူမဆို ထပ်ခါတလဲလဲလုပ်ရတဲ့ အလုပ်တွေကို မကြိုက်ကြပါဘူး။ ဒါပေမယ့် သီချင်းနားထောင်နေရင်းလုပ်ရင် copy paste လုပ်ရတာကိုတောင် ပျော်နေမှာပါ။

ဂီတသံစဉ်တွေက အလုပ်လုပ်နေရမှန်းကိုတောင်မေ့သွားစေပြီး အလုပ်ထဲမှာ နစ်မြောသွားစေမှာပါ။

ဂီတသံစဉ်ထဲမှာ စီးမြောသွားပြီဆိုရင် လုပ်ငန်းစွမ်းဆောင်ရည်တွေ ပိုမိုမြန်ဆန်လာပါလိမ့်မယ်။

အာရုံပျက်ပြားမှုက အလုပ်မှာ ဒုက္ခအပေးဆုံး အရာတစ်ခုပါ။ ဂီတသံစဉ်တွေနားထောင်လိုက်ရင်တော့ အာရုံစူးစိုက်မှုကောင်းမွန်လာစေပါလိမ့်မယ်။

အလုပ်ရုံးခန်းတွေက ကိုယ့်အလုပ်နဲ့ကိုယ် တိတ်ဆိတ်နေတဲ့ ရုံးခန်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီလိုခြောက်ကပ်ကပ်ဖြစ်နေတဲ့ ရုံးခန်းတွေမှာ ဂီတသံစဉ်လေးတွေက အိုအေစစ်လေးဖြစ်နိုင်မှာပါ။

ဂီတသံစဉ်တွေက တီထွင်နိုင်စွမ်းကိုကောင်းမွန်စေတာကြောင့် တီထွင်ဖန်တီးမှုလိုအပ်လာတဲ့ အလုပ်ဆိုရင် ဂီတသံစဉ်လေးတွေနဲ့အတူ အလုပ်လုပ်ပေးသင့်ပါတယ်။

ကွန်ပျူတာနဲ့ အလုပ်လုပ်နေတဲ့အခါ ထိုင်ခုံမှာထိုင်ပြီး ကွန်ပျူတာပဲကြည့်နေတာကြောင့် လှုပ်ရှားမှုနည်းပါးပါလိမ့်မယ်။ နားကြပ်လေးတပ်ပြီး သီချင်းနားထောင်လိုက်ရင် အနည်းဆုံးတော့ ခြေထောက်ပဲဖြစ်ဖြစ်၊ လက်ပဲဖြစ်ဖြစ်၊ ခေါင်းပဲဖြစ်ဖြစ် လှုပ်မိကြပါလိမ့်မယ်။

Leave a comment

Your email address will not be published. Required fields are marked *